မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဆုကြေးငွေ ကျပ်သိန်း ၃၀၀ နှင့် USD 5000 ချီးမြှင့်ခံရ

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဆုကြေးငွေ ကျပ်သိန်း ၃၀၀ နှင့် USD 5000 ချီးမြှင့်ခံရ
Photo-MFF

နိုဝင်ဘာ ၂၈ ။           ။ တရုတ်တိုင်ပေတွင် ကျင်းပပြုလုပ်မည့် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းမှာ ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် ဆုကြေးငွေ သိန်း (၃၀၀) နှင့် USD 5000 ချီးမြှင့်ခံခဲ့ရသည်။  

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းက သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ USD (5000)၊ ဦးထွန်းထွန်းလင်းက ကျပ် သိန်း(၅၀)၊ ဦးမျိုးသူရက ကျပ် သိန်း (၅၀) စုစုပေါင်း ကျပ်သိန်း ၃၀၀ နှင့် USD 5000 ဖူဆယ်အသင်းသို့ ချီးမြှင့်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။  

အာရှဖူဆယ်ချန်ပီယံရှစ်ဝင်ခွင့် ခြေစစ်ပွဲအဖြစ် ဗီယက်နမ်နိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သည့် အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုနှင့် အသန့်ရှင်းဆုံးဆုကို မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ရရှိခဲ့သဖြင့် အာရှဖူဆယ်ချန်ပီယံရှစ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွွင့်ရခဲ့ခြင်းဖြစ်သည်။

အာရှချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်တိုင်ပေ မှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ ဘာရိန်း၊ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ ကာဂျစ်စတန်၊ တာဂျစ်စတန် တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required