ဘာစီလိုနာသို့ပြောင်းရန် အိုဇေးလ်သဘောတူထားသည့်သတင်းကို အာစင်ဝင်းဂါးငြင်းဆန်

ဘာစီလိုနာသို့ပြောင်းရန် အိုဇေးလ်သဘောတူထားသည့်သတင်းကို အာစင်ဝင်းဂါးငြင်းဆန်

 

နိုဝင်ဘာ ၂၅၊ လန်ဒန်။                 ။ ဘာစီလိုနာသို့ပြောင်းရန် အိုဇေးလ်သဘောတူထားသည်ဆိုသည့်သတင်းကို အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ငြင်းဆန် လိုက်သည်။

ရာသီကုန်တွင် စာချုပ်ပြည့်တော့မည့် အသက် ၂၉ နှစ်အရွယ်ကစားသမားသည် လာမည့်နွေရာသီအပြောင်းအရွှေ့အတွက် ဇန်နဝါရီတွင် အင်္ဂလန်ပြင်ပကလပ်များနှင့် ဆွေးနွေးခွင့်ရထားသည်။

လာကာဇက်မရောက်ခင်အထိ အာဆင်နယ်၏ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားဖြစ်ခဲ့သည့်အိုဇေးလ်သည် အနာဂါတ်နှင့် ပတ်သက်ပြီးမတည်မငြိမ်ဖြစ်နေသော်လည်း လန်ဒန်ဒါဘီအဖြစ် စပါးကိုအနိုင်ရခဲ့သည့်ပွဲတွင် အကောင်းဆုံးခြေစွမ်းပြခဲ့သည်။

မန်ချက်စတာယူနိုက်တက်နှင့် ဖီနာဘာချီတို့ကလည်းစိတ်ဝင်စားနေသော်လည်း နည်းပြဝင်းဂါးသည် အိုဇေးလ်အပြင် ဆန်းချက်ဇ်ကိုပါအသင်းတွင်ဆက်နေစေချင်လျှက်ရှိသည်။

ဘာစီလိုနာနှင့်အိုဇေးလ်တို့သဘောတူညီမှု ရထားပြီလားဆိုသည့်မေးခွန်းအပေါ် ဝင်းဂါးက “မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော် ဘယ်လိုမျိုးထိန်းချုပ်ရမလဲ။

လူတိုင်းမှာ ဘယ်သူနဲ့မဆိုညှိနှိုင်းနိုင်တဲ့ အေးဂျင့်တွေရှိကြတယ်။ ဒါကလူတွေကိုအနှောက်အယှက် မဖြစ်စေသလို သူတို့ဘဝ တစ်လျှောက်လုံးမှာလည်း   ဖြစ်နေနိုင်တဲ့ကိစ္စတွေပါ”ဟု   ပြန်လည်တုန့်ပြန််ခဲ့သည်။

အိုဇေးလ်နှင့်ဆန်းချက်ဇ်တို့မှာ ၂၀၁၈ တွင်စာချုပ်ပြည့်မည်ဖြစ်သော်လည်း ပြီးခဲ့သည့်နွေရာသီတွင် ဝင်းဂါးက၎င်းတို့ကို ရောင်းချရန်ငြင်းဆန်ခဲ့သည်။ လက်ရှိတွင် ဆန်းချက်ဇ်မှာ မန်စီးတီးအသင်းနှင့်သတင်းများထွက်ပေါ်နေသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly