ဒရမာဇာတ်လမ်းတွဲများ၌ ပြန်လည်သရုပ်ဆောင်ရန် အဆိုတော် IU ဆွေးနွေးမှုများပြုလုပ်

ဒရမာဇာတ်လမ်းတွဲများ၌ ပြန်လည်သရုပ်ဆောင်ရန် အဆိုတော် IU ဆွေးနွေးမှုများပြုလုပ်

 

တောင်ကိုရီးယားအဆိုတော် IU အား ဒရာမာဇာတ်လမ်းတွဲများ၌ ပြန်လည်မြင်တွေ့ရရန်အတွက် သူမ၏ ပရိသတ်များက အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်ဆိုင်းနေခဲ့ကြရသည်။

ယခုအခါတွင် သတင်းစာများ၌ဖော်ပြချက်အရ အဆိုတော်နှင့်သရုပ်ဆောင်ဖြစ်သူ IU သည် tvN မှထုတ်လွှင့် မည့် “My Ajusshi” ဟု ယာယီအမည်ပေးထားသော ဒရာမာဇာတ်လမ်းတွဲ၌   ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်ရန်အတွက် ညှိုနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“My Ajusshi” ဆိုသောဒရာမာဇာတ်လမ်းသည် အသက် ၄၀ ခန့်ရှိပြီဖြစ်သော အမျိုးသားတစ်ဦးနှင့် အသက် ၂၀ ၀န်းကျင်ခန့်တွင်ရှိသော အမျိုးသမီးလေးတို့ကြားမှ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။

ထိုဇာတ်လမ်းကို Another Oh Hae Young ဇာတ်လမ်းတွဲအားရေးသားသူ ပါ့ခ်ဟေးယောင်းနှင့် Signal နှင့် Imcomplete Life တို့၏ ဒါရိုက်တာဖြစ်သူ ကင်မ်ဝမ်ဆတ်ခ်တို့က တာဝန်ယူ ရိုက်ကူးမည်ဖြစ်ပြီး လီဆန်းဂျန်က ခေါင်းဆောင်မင်းသားအဖြစ် ပါ၀င်မည်ဖြစ်သည်။

အကယ်၍ IU သည် ထိုဇာတ်လမ်း၌ ပါ၀င်သရုပ်ဆောင်မည်ဟု တရားဝင်အတည်ပြုပါက သူမသည် အကြွေးများကို ပြန်ဆပ်ရန်အတွက် မမောတမ်းအလုပ်လုပ်နေရသော လီဂျီအမ်းဟုအမည်ရသည့် မိန်းကလေးနေရာမှ သရုပ်ဆောင်ရမည်ဖြစ်သည်။ သူမသည် ၆ နှစ်အရွယ်ကတည်းက နာမကျန်းဖြစ်နေသော အဖွားဖြစ်သူနှင့် နေထိုင်နေရသူဖြစ်ပြီး သူမ၏အကြွေးများကြောင့် အိပ်မက်မရှိ၊ အစီအစဉ်မရှိ၊ မျှော်လင့်ချက်မဲ့နေသော အမျိုးသမီးလေးအဖြစ် IU ကို မြင်တွေ့ရမည်ဖြစ်သည်။

IU နောက်ဆုံးပါ၀င်သရုပ်ဆောင်ထားသော ဒရာမာဇာတ်လမ်းမှာ Scarlet Heart: Goryeo ဖြစ်ပြီး ယခု ဇာတ်လမ်းကို လက်ခံခဲ့ပါက သူမအား ၂ နှစ်ခန့်ကြာမှ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ၌   ပြန်လည်မြင်တွေ့ရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required