ပုဂံတွင် အမေရိကန်နိုင်ငံသူတစ်ဦး ဘုရားပေါ်မှ ပြုတ်ကျသေဆုံး

ပုဂံတွင် အမေရိကန်နိုင်ငံသူတစ်ဦး ဘုရားပေါ်မှ ပြုတ်ကျသေဆုံး
ဓာတ်ပုံ-ကိုကိုမောင်

ရန်ကုန်၊ နိုဝင်ဘာလ ၈ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံတွင် ဘုရားအမှတ် ၃၅၂ ပေါ်မှ လာရောက်လည်ပတ်သည့် အ မေရိကန်နိုင်ငံသူတစ်ဦး ပြုတ်ကျခဲ့ပြီး မန္တလေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က မဇ္စျိမသို့ အတည်ပြု ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဝတ္ထနတောဘုရာ၊ဘုရားအမှတ် ၃၅၂ ပေါ်သို့ အမေရိကန်နိုင်ငံသူ Traum Braum Kassambra သည် နိုဝင်ဘာလ ရရက်၊ညနေ ၅နာရီခန့်က တက်ရောက်၍ ဓာတ်ပုံတက်ရိုက်ရာ ပေ ၂၀ အမြင့်မှပြုတ်ကျ သေဆုံးခဲ့ကြောင်းသိရသည်။

“မနေ့က နေ့ခင်းပိုင်းကဖြစ်သွားတာပါ။ ပြုတ်ကျတာက အမေရိကန်သူတစ်ဦးပါ။ အဲ့ဒီမှာ ပြုတ်ကျပြီးတော့ မန္တ လေးဆေးရုံကို ချက်ချင်းပို့တာပဲ။ ဒါပေမယ့် လမ်းမှာတင် ဆုံးသွားတယ်။ ပြုတ်ကျတာကတော့ ဘုရားအမှတ် ၃၅၂ ပေါ်ကပါ။ ဘုရားဘွဲ့တော်က မရှိဘူး။ အန္တရာယ်ရှိတဲ့ ဘုရားတွေပေါ်သူတို့တက်ကြည့်တော့ ဖြစ်သွားတဲ့ သဘောရှိတယ်။ ပေ ၂ဝ အမြင့်လောက်က ပြုတ်ကျတာဆိုတော့ မျက်နှာ၊ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ပေါက်ပြဲ ဒဏ်ရာတွေ တော်တော် ရသွားတာပေါ့”ဟု ဦးဝင်းမြင့်ခိုင်က ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ)မှညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က "ဖြစ်ဖြစ်ချင်း ညောင်ဦးဆေးရုံကိုပို့တယ်။အဲဒီကမှသက်ဆိုင်ရာအဖွဲ့နဲ့ မန္တလေးဆေးရုံကို ပို့တယ်။ဒါပေမယ့် လမ်းမှာပဲသေဆုံးခဲ့တယ်။"ဟု မဇ္ဈိမကိုပြောသည်။

ညောင်ဦးဆေးရုံမှမန္တလေးဆေးရုံသို့ပို့စဉ် မြင်းခြံမြို့နယ်အရောက်တွင် ၎င်းနိုင်ငံခြားသူမှာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါနိုင်ငံခြားသူ မန္တလေးဆေးရုံကြီးသို့ နိုဝင်ဘာလ ရ ရက်၊ည ၉ နာရီကရောက်ရှိခဲ့ပြီး လိုအပ်သည့် စမ်းသပ်မှုများပြုလုပ်ကာ လက်ရှိတွင် ရင်ခွဲရုံ၌ ထားရှိထားသည်ဟု မန္တလေးဆေးရုံကြီးမှ သိရသည်။

"ပြုတ်ကျတာက မျက်နှာနဲ့ကျတယ်လို့ယူဆရတယ်။မျက်နှာတစ်ခုလုံး ညိုမဲပြီးတော့ နားတွေ၊နှာခေါင်းတွေက သွေးထွက်နေတယ်။"ဟု မျက်မြင်တွေ့ခဲ့သူ စာရေးဆရာ ကိုနော်(ပုဂံ)ကပြောသည်။

ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှတာဝန်မှူးက"စစ်ဆေးတာတော့ လုပ်နေပါတယ်။ဓမ္မတာတိုင်း ဟုတ် မဟုတ် ပေါ့။"ဟု ပြောသည်။ အဆိုပါနိုင်ငံခြားသားသူသည် ပုဂံရှေးဟောင်းယဉ််ကျေးမှု နယ်မြေသို့ နိုဝင်ဘာလ ၅ ရက်ကရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required