လွှတ်တော် အစည်းအဝေး အမြန်ဆုံးကျင်းပပြီး ရပ်နားမည်

လွှတ်တော် အစည်းအဝေး အမြန်ဆုံးကျင်းပပြီး ရပ်နားမည်

ရွေးကောက်ပွဲနှင့် ရေဘေးအတွက် အရေးတကြီးလုပ်ဆောင်ရန်လိုသည်ဟုယူဆသည့် အမတ်များ ခွင့်ယူရန်နှင့် လွှတ်တော်အစည်းအဝေးကို အမြန်ဆုံးကျင်းပပြီးမှရပ်နားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်သည်။

ရွေးကောက်ပွဲနှင့် ရေဘေးအတွက် အရေးတကြီးလုပ်ဆောက်ဖို့ လိုအပ်သည့်အတွက် လက်ရှိကျင်းပနေသည့် ၁၂ကြိမ်မြောက်လွှတ်တော်အစည်းအဝေးကို ရပ်နားရန် အမတ်တစ်ဦး၏ အရေးကြီးအဆိုအပေါ် သူရဦးရွှေမန်းက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required