နိုက်ကလပ်ဖူးစာကနေ အီသီယိုးပီးယားမင်းသမီး ဘဝ ရောက်ရှိသွားတဲ့ အမေရိကန်သူ

နိုက်ကလပ်ဖူးစာကနေ အီသီယိုးပီးယားမင်းသမီး ဘဝ ရောက်ရှိသွားတဲ့ အမေရိကန်သူ

ဆွတ်ပျံကြည်နူးဖွယ် ဇာတ်လမ်းတွေဟာ ဝါရှင်တန်ဒီစီက နိုက်ကလပ်ကနေ စတင်တာ မဟုတ်ပေမယ့် အမေရိကန်အမျိုးသမီးတစ်ဦးကတော့ အီသီယိုးပီးယားမင်းသားနဲ့ နိုက်ကလပ်မှာ စတွေ့ပြီး ဖူးစာဆုံလို့ ခင်ပွန်းအဖြစ် ပေါင်းဖက်ရကာ အီသီယိုးပီးယားမင်းသမီး ဘဝကို ရရှိခဲ့ပါတယ်။

လက်ရှိ အသက် ၃၃ နှစ်ရှိနေတဲ့ အာရီယာနာသြစတင်းဆိုသူ အမေရိကန် အမျိုးသမီးဟာ အတိတ်တစ်ချိန်က တစ်ခုသော ညတစ်ညမှာ အပြင်ကို သူငယ်ချင်းတစ်ဦးနဲ့ ထွက်လည်ရာကနေ ပုလဲနိုက်ကလပ်ကို ရောက်သွားကြပါတယ်။ အဲဒီမှာ အီသီယိုးပီးယား မင်းသား ဂျိုးမာကွန်နန်ရဲ့ ချည်းကပ်တာကို ခံရပါတယ်။

“ကျွန်တော်က ပြောလိုက်တယ်။ ဂျင်အရက် Bombay Sapphire ကြေညာတစ်ခုနဲ့ တူတယ်လို့ သူ့ကို ပြောလိုက်တယ်။”ဆိုပြီး မင်းသားက သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုကို The New York Times သတင်းစာကို ပြောပါတယ်။

“နောက် ငါးမိနစ်တောင် မကြာပါဘူး။ ကျွန်တော် ပြောမိတော့တယ်။ မင်းဟာ ငါ့ရဲ့ ချစ်သူမိန်းကလေး ဖြစ်လာတော့မယ်ဆိုပြီးပေါ့။”လို့ ၎င်းက ဆိုပါတယ်။

သူတို့ရဲ့ ဖူးစာ စတင်ကြုံရတဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က အဲဒီညမှာ မင်းသား ဂျိုးဟာ သူက အီသီယိုးပီးယားရဲ့ နောက်ဆုံးဘုရင်ကြီး Haile Selassie ရဲ့ မြစ်တော်သူ မင်းသားတစ်ယောက်ဖြစ်တယ်ဆိုတာ ဖွင့်မပြောခဲ့ပါဘူး။

ဒါပေမယ့် သူတို့စုံတွဲဟာ ပြင်းပြတဲ့ ချိန်းတွေ့မှု အပြီးမှာတော့ ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ ဂျိုးဟာ သူဟာ တော်ဝင်သွေးပါသူ မင်းသားတစ်ပါးဖြစ်ကြောင်းကို ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။

ရောမမှာ မွေးဖွားသူ ဂျိုးဟာ သူ့မွေးရပ် တိုင်းပြည်မှာ ကွန်မြူနစ်အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပြီးနောက်မှာ မိဘဖြစ်သူ မင်းသား ဒေးဗစ်မာကွန်နန်နဲ့ မင်းသမီး အဒေးအမ်မရူမာကွန်နန်တို့ဟာ သူ့ကို ပြည်ပမှာပဲ နေခိုင်းတော့တာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဒေးဗစ်ဟာလည်း ဒီအာဏာသိမ်းမှု ဖြစ်ချိန်မှာ ပြည်ပမှာ ပညာသင်ကြားနေတာဖြစ်တဲ့အတွက် လွတ်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ သူတို့ မိသားစုအနေနဲ့ ဆွတ်ဇာလန်မှာ အခြေချ နေထိုင်ခဲ့ရတာပဲ။

ဂျိုးတို့ရဲ့ ဘိုးဘေးတော်သူ ဘုရင်ကြီး Haile Selassie ဟာ အီသီယိုးပီးယားနိုင်ငံရဲ့ ၂၂၅ ဆက်မြောက်နဲ့ နောက်ဆုံးမင်းဆက်ဖြစ်ပြီး ၁၉၇၄ ခုနှစ် ထီးနန်းစွန့်ခဲ့တဲ့အချိန်အထိ နှစ်ပေါင်း ၄၀ ကြာ စိုးစံခဲ့တာဖြစ်ပါတယ်။

ထီးနန်းစွန့်ရပြီး နောက်နှစ်မှာပဲ နှလုံးသွေးကြောဆိုင်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပေမယ့် လူအများအပြားကတော့ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ တွေးထင်နေကြတာပါ။

မင်းသမီးတစ်ပါးအဖြစ်ကို ရောက်ရှိသွားတဲ့ အရင်အနုပညာပြတိုက်မှူး လုပ်ခဲသူ သြစတင်းကတော့ “မနှိုင်းယှဉ်သာတဲ့ အမွေအနှစ်နဲ့ သမိုင်းတစ်ရပ်ပါပဲ။”ဆိုပြီး ခင်ပွန်းတော်ရသူ မင်းသားနဲ့ ပတ်သက်လို့ ဂုဏ်ယူစကား ဆိုပါတယ်။

သူတို့စုံတွဲဟာ အောက်တိုဘာ ၉ ရက်နေ့မှာ သရဖူကိုယ်စီ၊ ဝတ်ရုံရှည်ကိုယ်စီနဲ့ ဘုန်းတော်ကြီး ၁၃ ပါး ရှေ့မှောက်မှာ အီသီယိုးပီးယား အော်သိုဒေါ့ဇ်ခရစ်ယာန်ထုံးစံနဲ့ ထိမ်းမြားမင်္ဂလာ ဆင်ယင်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required