အီတလီကွင်းလယ်ကစားသမားကြီး ပီယာလို အနားယူတော့မည်

အီတလီကွင်းလယ်ကစားသမားကြီး ပီယာလို အနားယူတော့မည်

အောက်တိုဘာ ၈၊ အီတလီ ။            ။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အီတလီကွင်းလယ်ကစားသမားကြီး ပီယာလိုက လာမည့် ဒီဇင်ဘာလအကုန်တွင် ဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပီယာလိုသည် လက်ရှိတွင် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းတွင် ကစားနေသူဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလတွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

အေစီမီလန်နှင့်ဂျူဗင်တပ်စ်တို့တွင် ကစားခဲ့သည့် ပီယာလိုသည် စီးရီးအေဖလား ၆ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ဖူးသူ ဖြစ်သည်။ အီတလီလက်ရွေးစင်အသင်းနှင့်လည်း ၂၀၀၆ ခုနှစ်က ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကို ရရှိခဲ့သည်။

ယခုနှစ်တွင် နယူးယော့ခ်စီးတီးအသင်းအတွက် ၁၅ ပွဲသာ ပါဝင်ကစားထားနိုင်သည့် ပီယာလိုက အနားယူရမည့်အချိန် ရောက်ရှိလာပြီဖြစ်ကြောင်းဆိုသည်။

"ကျွန်တော့်အသက်က အနားယူဖို့ လုံလောက်တဲ့ အရွယ်ရောက်ပါပြီ။ အသက် ၃၈ နှစ်ဆိုတော့ အဝတ်လဲခန်းထဲမှာ လူငယ်တွေကို နေရာပေးရပါတော့မယ်။ ကျွန်တော်အဲ့ဒီအတွက် စိတ်မပျက်ပါဘူး။ အသင်းဖော်တွေနဲ့ နည်းပြကို နှုတ်ဆက်သွားတော့မှာပါ" ဟု ပီယာလိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required