ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက်မဲထည့်ရန် လူပေါင်းများစွာ မဲရုံသို့စုရုံးရောက်ရှိ

ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက်မဲထည့်ရန် လူပေါင်းများစွာ မဲရုံသို့စုရုံးရောက်ရှိ

ဘာစီလိုနာ၊ စပိန်၊ အောက်တိုဘာ ၁ ။             ။ ကတ်တလန်ဒေသရှိပြည်သူများသည် လွတ်လပ်ရေးအတွက်ကျင်းပသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲထည့် ကြရန်အတွက် တနင်္ဂနွေနေ့တွင် မဲရုံများသို့ စုရုံးရောက်ရှိနေကြပြီး မက်ဒရစ်မှဗဟိုအစိုးရက တားမြစ်ထားသော မဲပေးပွဲ၌ပါဝင်ကာ သူတို့၏ကိုယ်ပိုင်အခွင့်အရေးကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထို့ကြောင့် ကတ်တလန်သမ္မတ ကားလက်စ်ပွတ်ဒီမွန့်၏ အမာခံနယ်မြေများဖြစ်ကြသော ဘာစီလိုနာမြို့နှင့် ဂီရိုနာမြို့တို့မှ ပြည်သူများသည် မိုးရွာသွန်းနေသည့်ကြားမှ မဲရုံများသို့ စုရုံးရောက်ရှိလာကြသည်။

အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း တရားရုံးများက စီရင်ချက်ချထားသည့် အဆိုပါမဲပေးပွဲကို စပိန်နိုင်ငံ၏ ဗဟိုအစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး မဲပေးပွဲဖြစ်မြောက်မှုမရှိအောင် အဖက်ဖက်မှတရားဝင် တားဆီးရန်ကြိုးပမ်းခဲ့သည်။

ဒါ့အပြင် တရားသူကြီးများနှင့် အစိုးရရှေ့နေများ၏အမိန့်အတိုင်း စပိန်ရဲတပ်ဖွဲ့သည် ဆန္ဒမဲပေးလွှာများကို သိမ်းဆည်းခဲ့သလို မဲပေးပွဲဖြစ်မြောက်အောင် စီစဉ်သူများအား ဖမ်းဆီးခဲ့ပြီး မဲပေးပွဲအတွက် လှုံ့ဆော်နေသော ဝက်ဘ်ဆိုက်များကိုလည်း ပိတ်ပစ်ခဲ့သည်။

ထိုသို့အမျိုးမျိုးတားဆီးနေသည့်ကြားမှ မဲပေးမည့်လူအုပ်ကြီးသည် တနင်္ဂနွေနေ့အစောပိုင်းတွင် လမ်းမများပေါ် ၌ ထွက်ပေါ်လာပြီး မဲရုံသို့စုရုံးချီတက်ခဲ့ကြသည်။

“ကတ်တလန်ဒေသမှာရှိတဲ့ ကျနော်တို့ဟာ စပိန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်နယ်တစ်ခုအဖြစ် ဆက်နေချင်သလားဆိုတာကို သေချာဆုံးဖြတ်ရမယ့် အခြေအနေရောက်ရှိလာပါပြီ” ဟု လူအုပ်ကြီးထဲမှ အသက် ၁၈နှစ်အရွယ်ရှိ ပေါလ်ဗယ်လက်စ်ဆိုသော ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သောစနေနေ့က ပြုလုပ်ခဲ့သောအင်တာဗျူးတစ်ခုတွင်  ပွတ်ဒီမွန့်က စပိန်အစိုးရမှတားမြစ်ပိတ်ပင်နေသော် လည်း သူ၏အစိုးရအဖွဲ့သည် ဆန္ဒခံယူပွဲကျင်းပ၍ရအောင် ပြင်ဆင်သွားမည်ဖြစ်ပြီး လူပေါင်း ၇.၅သန်းခန့် နေထိုင်သော ကတ်တလန်ဒေသမှ ဒေသခံအားလုံး မဲပေး၍ရအောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required