ဥရောပ၌ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု The Chainsmokers ကြေညာ

ဥရောပ၌ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဟု The Chainsmokers ကြေညာ

 

နာမည်ကျော်ဒီဂျေအဖွဲ့ The Chainsmokers က ၎င်းတို့၏ Memories: Do Not Open အယ်လ်ဘမ်အတွက် ဥရောပတွင်ကျင်းပမည့် နယ်လှည့်ဖျော်ဖြေပွဲများကို လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

ထိုဥရောပနယ်လှည့်ဖျော်ဖြေပွဲကို ဖေဖေါ်ဝါရီ ၁၀ရက်နေ့တွင် သြစတြီးယားနိုင်ငံမှ စတင်ဖျော်ဖြေသွားမည် ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် ဒိန်းမတ်နိုင်ငံ၌ နောက်ဆုံးပိတ် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ဟော်လန်နိုင်ငံရှိ Ziggo Dome အားကစားကွင်းနှင့် ဆွီဒင်နိုင်ငံရှိ ပရိသတ်ပေါင်း ၄၅၀၀၀ ခန့် ဝင်ဆံ့ သော Tele2 အားကစားကွင်းတို့၌လည်း ဖျော်ဖြေသွားရန် စီစဉ်ထားကြသည်။

ထို့နောက်တွင် Chainsmokers အဖွဲ့သည် လာ့စ်ဗီးဂတ်စ်မြို့သို့ ဆက်လက်ထွက်ခွာကာ ဖျော်ဖြေပွဲများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required