လေသင်တုန်းဖြတ်သွားသောကြောင့် ဆေးရုံ၌ကုသမှုခံယူနေရသည့် Lil Wayne

လေသင်တုန်းဖြတ်သွားသောကြောင့် ဆေးရုံ၌ကုသမှုခံယူနေရသည့် Lil Wayne

 

အမေရိကန်ရက်ပ်အဆိုတော် Lil Wayne သည် လေသင်တုန်းဖြတ်ဝေဒနာ ခံစားခဲ့ရသောကြောင့် ချီကာဂိုရှိ ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။

TMZ သတင်းဝက်ဘ်ဆိုက်၏အဆိုအရ အမည်ရင်း ဒွိန်းမိုက်ကယ်ကာတာဂျူနီယာဖြစ်သော Lil Wayne ကို တနင်္ဂနွေနေ့ နေ့လည်ပိုင်းလောက်တွင် ဝက်စ်တင်ဟော်တယ်ရှိ သူ၏အခန်းအတွင်း၌ သတိမေ့မြောနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့်သူ့ကို ချီကာဂိုမြို့မှ အနောက်မြောက်ပိုင်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ ပြီး ဆေးကုသပေးခဲ့ရသည်။

ဂရမ်မီဆုများဆွတ်ခူးနိုင်ခဲ့သည့် ရက်ပ်အဆိုတော်သည် ဦးနှောက်နှင့် အာရုံပိုင်းဆိုင်ရာ ရောဂါဝေဒနာတစ်ခုကို ခံစားနေရသူဖြစ်ပြီး မကြာသေးခင်နှစ်များအတွင်း ဆေးရုံအကြိမ်ကြိမ်တက်ပြီး ကုသမှုခံယူခဲ့ရသူဖြစ်သည်။ လွန်ခဲ့သော ၂၀၁၃ခုနှစ်က ထိုဝေဒနာကြောင့် ဆေးရုံ၌ ၆ ရက်ကြာ ကုသမှုခံယူခဲ့ရသလို ပြီးခဲ့သော ၂၀၁၆ခုနှစ် ကလည်း လေယာဉ်စီးစဉ်၌ ထိုရောဂါထဖောက်မှုကို ကြုံတွေ့ခဲ့ရသည်။

Lil Wayne သည် တနင်္ဂနွေနေ့ညက လာ့စ်ဗီးဂတ်စ်မြို့ရှိ Drai’s Nightclub ၌ ဖျော်ဖြေရန်စီစဉ်ထားသော်လည်း ယခုလို ဆေးရုံတက်ခဲ့ရသောကြောင့် ပွဲဖျက်ခဲ့ရကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required