Kehlani နှင့်အတူ သီချင်းများ ပူးတွဲဖန်တီးလိုကြောင်း ထဲယွန်ပြောကြား

Kehlani နှင့်အတူ သီချင်းများ ပူးတွဲဖန်တီးလိုကြောင်း ထဲယွန်ပြောကြား

 

တစ်ကိုယ်တော်အနုပညာရှင်အဖြစ်ရော Girls Generation အဖွဲ့ဝင်တစ်ဦးအဖြစ်ပါ အောင်မြင်မှုများရရှိနေသော ထဲယွန်သည် ဖက်ရှင်မဂ္ဂဇင်း Singles အတွက် အလှပြဓာတ်ပုံများ ရိုက်ကူးပေးပြီးနောက် ထိုမဂ္ဂဇင်းနှင့်အတူ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၃၀ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူးထဲတွင် ထဲယွန်သည် သူမကြိုက်နှစ်သက်သော အမေရိကန် အနုပညာရှင်တစ်ဦး၏အမည်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ သူမက “ တကယ်လို့ အမေရိကန် က အဆိုတော်တစ်ယောက်နဲ့ သီချင်းအတူတူဖန်တီးဖြစ်မယ်ဆိုရင် ကျွန်မ Kehlani နဲ့အတူ တွဲလုပ်ချင်ပါတယ်။ သူမဟာ America’s Got Talent အစီအစဉ်ကနေ ထွက်ပေါ်လာတဲ့ အဆိုရှင်တစ်ဦးပါ။ သူမဟာ ကျွန်မနှစ်သက် တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အစောပိုင်းကလည်း အဆိုပါအနုပညာရှင်နှစ်ဦးသည် တစ်ယောက်နဲ့တစ်ယောက် လေးစားသမှုရှိကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပြီး ထဲယွန်က V Live မှတဆင့် ပြောခဲ့ခြင်းဖြစ်ကာ Kehlani က အင်စတာဂရမ်မှတဆင့် ထဲယွန်ကို လေးစားကြောင်းပြောခဲ့ဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required