လာမည်​့ ၄နှစ်​တွင်​ မြန်​မာလူငယ်​များအတွက်​ အလုပ်​အကိုင်​သစ်​ တစ်​သန်​းလိုအပ်​​နေ

လာမည်​့ ၄နှစ်​တွင်​ မြန်​မာလူငယ်​များအတွက်​ အလုပ်​အကိုင်​သစ်​ တစ်​သန်​းလိုအပ်​​နေ

ရန်​ကုန်​၊ သြဂုတ်​၇ ။          ။ မြန်​မာနိုင်​ငံရှိ လူငယ်​များအတွက်​ ​နောင်​လာမည့်၄နှစ်​တွင်​ အလုပ်​အကိုင်​အခွင်​့အလမ်း အသစ်​(၁)သန်​း လိုအပ်​​မည်​ဖြစ်​​ကြောင်​း ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်​(UNDP)၏ အုပ်​ချုပ်​​ရေးမှူးဖြစ်​သူ အာချင်​စတိန်​နာ(Achim Steiner)က သြဂုတ်​၇ရက်​​က ရန်​ကုန်​တက္ကသိုလ်​၌ ​ပြောကြားခဲ့သည်​။

"စဉ်​ဆက်​မပြတ်​ ဖွံ့ဖြိုးတိုးတက်​​ရေး ရည်​မှန်​းချက်​ပန်​းတိုင်​များ-မြန်​မာနိုင်​ငံ၌ ပိုမို​ကောင်​းမွန်​​သော အနာဂါတ်​တစ်​ခု တည်​​ဆောက်​​ရေး"ဟူသည်​့​ခေါင်​းစဉ်​ဖြင်​့ မြန်​မာနိုင်​ငံ၏ ဖွံ့ဖြိုးတိုးတက်​​ရေးအ​ခြေအ​နေ၊ လူငယ်​များ၏ အခန်​းကဏ္ဍစသည်​တို့ကို ရန်​ကုန်​တက္ကသိုလ်​တွင်​ မိန်​့ခွန်​းပြောကြားခဲ့ခြင်​းဖြစ်​သည်​။

"လူငယ်​များသည်​ စဉ်ဆက်​မပြတ်​ ဖွံ့ဖြိုး​တိုးတက်​​ရေး ရည်​မှန်​းချက်​များ အ​ကောင်​အထည်​​ဖော်​ရာတွင်​​ ​ပြောင်​းလဲမှုအတွက်​ မိတ်​ဖက်​များဖြစ်​ပါတယ်​"ဟု UNDP မှ အာချင်​စတိန်​နာက မိန့်ခွန်​းတွင် ​ပြောသည်​။

မြန်​မာနိုင်​ငံ၌ အသက်​၃၀​အောက်​ လူဦ​း​ရေသည်​ ၅၅ရာခိုင်​နှုန်​း ရှိ​နေသည်​။

ထို့​ကြောင်​့ ​နောင်​လာမည်​့ ၄နှစ်​တွင်​ မြန်​မာနိုင်​ငံ၏ လူငယ်​များအတွက်​ အလုပ်​အကိုင်​အာမခံ​ပေးနိုင်​ရန်​ အလုပ်​အကိုင်​အသစ်​ တစ်​သန်​းလိုအပ်​​နေခြင်​းဖြစ်​သည်​။

၎င်းလိုအပ်​ချက်​အတွက်​ အ​ထောက်​အကူပြု​စေရန်​ ဘဏ္ဍာရေးဆိုင်​ရာ လက်​လှမ်​းမှီမှုမြှင်​့တင်​ခြင်​း (EFA) အစီစဉ်​တစ်​ခုအား ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်​ (UNDP)မှ အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​နေသည်​။

ဘဏ္ဍာရေးဆိုင်​ရာ လက်​လှမ်​းမှီမှုမြှင်​့တင်​ခြင်​း (EFA) အစီအစဉ်​တွင်​ အ​သေးစားနှင်​့ အလတ်​စားစက်​မှုလုပ်​ငန်​းများ၊ တစ်​နိုင်​တစ်​ပိုင်​​တောင်သူ​လယ်​သမားများ၊ အမျိုးသမီးများဦး​ဆောင်​သည်​့ စီးပွား​ရေးလုပ်​ငန်​းများ၊ လူငယ်​မ​ျား၊ ဆင်​းရဲနွမ်​းပါသူများအတွက်​ ​ငွေ​ကြေးဆိုင်​ရာဝန်​​ဆောင်​မှုများ ​ပေး​နေခြင်​းဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required