မြန်မာ ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲများ ကစားမည့် အင်တာမီလန်အသင်း လူစာရင်းမှာ အဓိက ကစားသမားများ ပါဝင်

မြန်မာ ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲများ ကစားမည့် အင်တာမီလန်အသင်း လူစာရင်းမှာ အဓိက ကစားသမားများ ပါဝင်

အင်တာမီလန်အသင်းမှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ ပေးပို့ထားတဲ့ အင်တာမီလန် ယူ-၁၈ အသင်း လူစာရင်းမှာ အဓိက ကစားသမားများ အားလုံးပါ၀င်လာကြောင်း တွေ့ရှိရပါတယ်။ ကစားသမား ၂၁ ဦးပါ၀င်တဲ့ အင်တာ ယူ-၁၈ အသင်းမှာ အီတလီ ယူ-၁၇ လက်ရွေးစင်များ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ စလိုဗေးနီးယား၊ ပြင်သစ်တို့မှ နိုင်ငံလက်ရွေးစင် ယူ-၁၇ ကစားသမားများနှင့် အီတလီ မျိုးဆက်သစ် လူငယ်များ ပါ၀င်လာကြတယ်လို့ သိရပါတယ်။

အင်တာမီလန် ယူ-၁၈ အသင်းဟာ ယခုနှစ် အီတလီ ယူ-၁၇ ပြည်တွင်းလိဂ်မှာ ချန်ပီယံဆု ဆွတ်ခူးထားတဲ့ အသင်းဖြစ်ပြီး ကစားသမား အများဆုမှာ ဥရောပ ယူ-၁၇ ချန်ပီယံရှစ် 2016 UEFA European Under 17 Championship ပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင်အဖြစ် ကစားခဲ့ကြသူများ ဖြစ်ပါတယ်။

အင်တာမီလန် ယူ-၁၈ အသင်းနှင့် မြန်မာ ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင် ကစားကြမယ့် AYA Presents Inter Milan Tour ခြေစမ်းပွဲများကို လာမည့် သြဂုတ်လ ၁၁ ရက်နေ့ နှင့် ၁၃ ရက်နေ့ ညနေ(၆းဝဝ)နာရီ အချိန် Thuwunna Stadium မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲလက်မှတ်များအား ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ် နှင့် အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး လှည်းတန်း စင်တာ ၊ အောင်ဆန်းကွင်း၊ သုဝဏကွင်းတို့မှာ သြဂုတ်လ ၉၊ ၁၀ ရက်နေ့များမှ စတင်ကာ လက်မှတ်များ ကြိုတင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မြန်မာ ယူ၁၈ အသင်းနှင့် ယှဉ်ပြိုင်မည့် အင်တာမီလန် ယူ၁၈ ကစားသမားများ

၁။ ဆီမြွန်နီ စတက်ချီ (အီတလီ)
၂။ နီကိုလာ တင်တိုရီ (အီတလီ)
၃။ ရီကာဒို လန်ဂီ (အီတလီ)
၄။ ပေါ်လို ကော်ထရို (အီတလီ)
၅။ နစ်ကိုလို အီရာဂီ (အီတလီ)
၆။ ရက်ဇင် အဲလ် ခါဆာရှ် (ပြင်သစ်)
၇။ မက် ရော်ဂျစ် (စလိုဗေးနီးယား ယူ၁၇ လက်ရွေးစင်)
၈။ အီလီယာ ဗစ်ကွန်တီ (အီတလီ ယူ၁၇ လက်ရွေးစင်)
၉။ အီလီယန် ဒီမီရိုဗစ် (စလိုဗေးနီးယား ယူ၁၇ လက်ရွေးစင်)
၁၀။ ဖီဒီရီကို ပဲလ်လီ (အီတလီ)
၁၁။ မော့ဆက် အီဘိုကို ကော်ဒိုဘာ (စပိန် ယူ၁၇ လက်ရွေးစင်)
၁၂။ အန်ဒရီယာ အဒိုရန်တီ (အီတလီ)
၁၃။ လော်ရန်ဇို ဂါဗီယိုလီ (အီတလီ)
၁၄။ ဆဲလ်ဗက်တိုရီ အက်စ်ပိုစီတိုး (အီတလီ)
၁၅။ နီကိုလက်စ် ရစ်ဇို (အီတလီ)
၁၆။ ယာအို ဂွန်ကာလို (ပေါ်တူဂီ ယူ၁၇ လက်ရွေးစင်)
၁၇။ နစ်ကိုလို ကော်ရာဒို (အီတလီ)
၁၈။ ဖလော်အယ်လ် ဗန်ဒန်အင်ဒန် (ဘယ်လ်ဂျီယံ ယူ၁၇ လက်ရွေးစင်)
၁၉။ ဒါ၀ီဒီ မီရိုလာ (အီတလီ ယူ၁၇ လက်ရွေးစင်)
၂၀။ သောမက်စ် စချီရီရို (အီတလီ)
၂၁။ မာကို ပွန်ပတ်တီ (အီတလီ)

နည်းပြ - ဂီယန် မာရီယို ကော်တီ

Source & Photos: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required