ငြိမ်းချမ်းအောင် ဆီးဂိမ်းတွင် ရာနှုန်းပြည့် ကစားနိုင်မည်

ငြိမ်းချမ်းအောင် ဆီးဂိမ်းတွင် ရာနှုန်းပြည့် ကစားနိုင်မည်

ဇူလိုင် ၂၉၊ ရန်ကုန်။       ။ ဒဏ်ရာကြောင့်ဘောလုံးကစားခြင်းမှ နှစ်နှစ်ကျော်အနားယူခဲ့ရပြီး ယခုအခါဘောလုံးပြန်ကစားနိုင်ပြီဖြစ်သည့် မြန်မာယူ-၂၂ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်မှာ လာမည့် ၂၀၁၇ ဆီးဂိမ်းတွင် ရာနှုန်းပြည့် ပြန်လည်ကစားနိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းအောင်မှာ နှစ်နှစ်ကျော်အနားယူခဲ့ရာမှ ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ဘရူနိုင်းနှင့်ကစားခဲ့သောအာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲတွင်ပြန်လည်ကစားနိုင်ခဲ့သလို သွင်းဂိုးနှစ်ဂိုးလည်း သွင်းယူနိုင်ခဲ့သည်။ “ကျွန်တော့်ဒဏ်ရာကက တော်တော်ကောင်းနေပါပြီ။ နည်းပြတွေကလည်း ကစားနိုင်ပြီလို့ပြောပါတယ်။ ကြံ့ခိုင်မှုအတွက်ဦးစားပေးလေ့ကျင့်နေပါတယ်။ ဆီးဂိမ်းမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်ကစားနိုင်မှာပါ။”ဟု ငြိမ်းချမ်းအောင်ကပြောသည်။

ရန်ကုန်ယူနိုက်တက်ကွင်းလယ်ကစားသမားငြိမ်းချမ်းအောင်မှာ ၂၀၁၅ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဟန်ဂေရီယူ-၂၀အသင်းနှင့်ကစားခဲ့သောခြေစမ်းပွဲတွင်ဒဏ်ရာရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအားလုံးနှင့်လွဲချော်ခဲ့ရသည်။ မြန်မာယူ-၂၀အသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦးမှာလည်း လက်ရှိအချိန်တွင် ဒဏ်ရာကြောင့်အနားယူနေရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required