၄ တန်ကျော်ရှိသော ဆေးခြောက်များကို ဘရာဇီးရဲတပ်ဖွဲ့ သိမ်းဆည်းရရှိ

၄ တန်ကျော်ရှိသော ဆေးခြောက်များကို ဘရာဇီးရဲတပ်ဖွဲ့ သိမ်းဆည်းရရှိ

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၈ ။              ။ ဘရာဇီးနိုင်ငံရှိ အမြန်လမ်းမပေါ်မှ ရဲတပ်ဖွဲ့များသည် အလေးချိန် ၄.၃တန်ခန့်ရှိသော ဆေးခြောက်များနှင့် သေနတ် ၂၃လက်ကို ပါရာနာပြည်နယ်တောင်ပိုင်းရှိ စွန့်ပစ်ထားသော ကုန်တင်ယာဉ်အတွင်းမှ ကြာသာပတေး နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ထိုကုန်တင်ယာဉ်သည် ပါရာဂွေးနှင့် အာဂျင်တီးနားနယ်စပ်အနီးရှိ တိုလီဒိုမြို့မှ လမ်းမကြီးအမှတ် BR-163 ပေါ်ရှိ သဘာဝဓာတ်ငွေ့ဆိုင်အနီးတွင် ရက်ပေါင်းများစွာ ကြာရပ်နားထားခဲ့ခြင်းဖြစ်သည်။

ရဲအရာရှိများသည် မူးယစ်ဆေးဝါးများနှင့် သေနတ်များအား ပဲနှမ်းကုန်စည်များအောက်၌ ဖွက်ထားသည်ကို ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ် အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ကုန်တင်ယာဉ်အတွင်းမှ ကုန်ပို့လွှာအတုကို ရှာဖွေတွေ့ရှိခဲ့စဉ်တွင် ထိုယာဉ်သည် မှောင်ခိုပစ္စည်း များကို တင်ဆောင်လာနိုင်သည်ဟု သံသယရှိရသောကြောင့် ကုန်ခန်းအတွင်းထဲသို့   သေချာရှာဖွေခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အာဏာပိုင်များသည် ယခုအခါတွင် ထိုကုန်တင်ယာဉ်၏ ပိုင်ရှင်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပါရာနာပြည်နယ်သည် ဆေးခြောက်များကို တင်သွင်းနေကြသော မှောင်ခိုသမားများအတွက် အရေးပါသည့် ဂိတ်ဝတစ်ခုဖြစ်ပြီး သေနတ်များနှင့် အခြားမှောင်ခိုပစ္စည်းများကို ပါရာဂွေးနိုင်ငံမှတဆင့် ယူဆောင်လာပြီး ထိုပြည်နယ်အတွင်းမှ ဖြတ်သန်းကာ ဘရာဇီးနိုင်ငံအနှံ့အပြားသို့ ရောင်းချနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required