နိုင်ငံရပ်ခြားပညာသင်ခွင့်နှင့်ပတ်သက်ပြီး ဂျပန်တက္ကသိုလ်တာဝန်ရှိသူများ မကွေးတွင် လာဆွေးနွေး

နိုင်ငံရပ်ခြားပညာသင်ခွင့်နှင့်ပတ်သက်ပြီး ဂျပန်တက္ကသိုလ်တာဝန်ရှိသူများ မကွေးတွင် လာဆွေးနွေး

မကွေး ဇူလိုင် ၂၅ ။                  ။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရင်း စာသင်၊စာသင်ရင်း အလုပ်လုပ်နိုင်ရေးအတွက်  မကွေးမြို့ MEC ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ဂျပန်နိုင်ငံ Fukouoka မြို့ ၊ NISHINIHON International Education Institute တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့က ဂျပန်တက္ကသိုလ်မှ တာဝန်ရှိသူများ မကွေးသို့ လာရောက်ခဲ့ပြီး တက္ကသိုလ်မှ  ပညာသင်ကြားရေးကဏ္ဍများ၊ အခွင့်အလမ်းများကို ရှင်းလင်းခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

“တွေ့ဆုံပွဲနောက်ပိုင်းမှာ ဂျပန်တက္ကသိုလ်နဲ့ချိတ်ဆက်ပြီး ပညာသင်ကြားနိုင်မယ့် အကြောင်းတွေကို MEC နဲ့ ဂျပန်တက္ကသိုလ်ကျောင်းအုပ်ချုပ်မှုအဖွဲ့တို့ ဆွေးနွေးပြီး သဘောတူညီချက် တွေ ရခဲ့ပါတယ်”ဟု မကွေး MEC ကျောင်းတာဝန်ခံ ဦးအောင်ဆန်းဦးက ပြောသည်။

ရန်ကုန်မြို့ Learning Centre ၏ ချိတ်ဆက်ပေးမှုအရ ဂျပန်တက္ကသိုလ် ကျောင်းအုပ်ချုပ်မှုအဖွဲ့မှ Mr.Shinya Takata နှင့် Mr.Fuku Shima တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပညာသင်ကြားမည့်သူများ အနေဖြင့် ငွေကြေးကုန်ကျနိုင်မှုအခြေအနေ၊တစ်ရက်(၄)နာရီ စာသင်ကြားပြီး အလုပ်အကိုင် လုပ်ကိုင်နိုင်မည့် အခြေအနေများ အပါအဝင် အခြားသိရှိလိုသည်များအား မကွေးမြို့၊ MEC ကိုယ်ပိုင်အထက်တန်းကျောင်း ၊သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ကျောင်းပိုင်ရှင်ဦးအောင်နိုင်ဝင်းထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly