တက္ကဆက်ရှိ ယာဉ်ရပ်နားစခန်းမှ ကုန်တင်ယာဉ်၏ နောက်တွဲအတွင်း၌ သေဆုံးသူ ၈ဦးကို ရှာဖွေတွေ့ရှိ

တက္ကဆက်ရှိ ယာဉ်ရပ်နားစခန်းမှ ကုန်တင်ယာဉ်၏ နောက်တွဲအတွင်း၌ သေဆုံးသူ ၈ဦးကို ရှာဖွေတွေ့ရှိ

ဇူလိုင် ၂၃ ။          ။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှ ယာဉ်ရပ်နားစခန်းအတွင်းရှိ ကုန်တင် ယာဉ်တစ်စီးအတွင်း၌ သေဆုံးသူရှစ်ဦးကို တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဖြစ်ရပ်သည် သိသာထင်ရှား သော လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ဆန်အန်တိုနီယိုရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ၀ီလီယမ်မက်မန်းနက်စ်နှင့် မီးသတ်တပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ချားလ်ဟွဒ်တို့က ထိုဖြစ်ရပ်အတွင်း သေဆုံးသူ ၈ဦးအပြင် ဒဏ်ရာရရှိသူ ၂၈ဦးခန့်ရှိကာ အယောက် ၂၀ခန့်မှာ စိုးရိမ်ရကြောင်းနှင့် ထိုသူအားလုံးကို ဒေသတွင်းရှိ ဆေးရုံ ရခု၌ ဆေးကုသပေးနေကြောင်း သတင်းထောက်များ ကို ပြောကြားခဲ့သည်။

“ကျနော်တို့ အခင်းဖြစ်ပွားရာ နေရာကိုရောက်ရှိတဲ့အချိန်မှာ ကုန်တင်ယာဉ်ရဲ့ နောက်တွဲအတွင်းမှာ သေဆုံးသူ ၈ဦးကို ရှာတွေ့ခဲ့ပါတယ်” ရဲမှူးကြီးက ပြောခဲ့ပြီး ဆိုးရွားဖွယ်ရာ   ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စတိုးဆိုင်၏ လုံခြံုရေးကင်မရာ မှတ်တမ်းများအရ ယာဉ်အချို့သည် ကုန်တင်ယာဉ်အတွင်းမှ လူအချို့ကို လာရောက်ခေါ်ဆောင်၍ ကယ်တင်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရကြောင်း သူက ဆက်လက်ရှင်းပြခဲ့သည်။

“ ယနေ့ညနေမှာ ကျနော်တို့ လူကုန်ကူးမှုဖြစ်စဉ်တစ်ခုကို တွေ့မြင်နေရတာ ဖြစ်ပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော်လည်း ကုန်တင်ယာဉ်အတွင်းမှ လူမည်မျှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်ကြောင်းကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း မက်မန်းနက်စ်က ပြောခဲ့သည်။

ဆန်အန်တိုနီယိုမြို့သည် မက္ကစီကိုနယ်စပ် နွီဗိုလီယွန်ပြည်နယ်နှင့် လွန်စွာနီးကပ်သော နေရာတွင်တည်ရှိကာ ကားဖြင့်တစ်နာရီခန့် မောင်းနှင်လျှင်ရောက်ရှိနိုင်သည်။ ထိုဒေသမှ ရာသီဥတုသည် အလွန်ပူပြင်းခြောက်သွေ့ သောကြောင့် ကုန်တင်ယာဉ်အတွင်းလိုက်ပါလာသူများသည် အသက်ရှုမွမ်းကြပ်၍ သေဆုံးခဲ့ကြခြင်း ဖြစ်နိုင် ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required