ပိုင်ဆိုင်မှုမရှိသော မြေလွတ်မြေရိုင်းများအား လုပ်ငန်းရှင်က ရှင်းလင်းခဲ့ခြင်းအပေါ် ကျေးရွာနေပြည်သူများ တိုင်ကြား

ပိုင်ဆိုင်မှုမရှိသော မြေလွတ်မြေရိုင်းများအား လုပ်ငန်းရှင်က ရှင်းလင်းခဲ့ခြင်းအပေါ် ကျေးရွာနေပြည်သူများ တိုင်ကြား

ငါးသိုင်းချောင်း။          ။ ငါးသိုင်းချောင်းမြို့၊ဂွေးတောက်ချောင်ကျေးရွာအုပ်စုရှိ တောင်ကုန်းစမ်းကျေးရွာရှိ တောင်ကုန်းအား ပိုင်ဆိုင်မှုမရှိဘဲ မြေ ၆.၃ ဧကမှ အပင်များ ဘူဒိုဇာထိုးခြင်းအား ထိရောက်စွာ စိစစ်တင်ပြရင် လူမှုရေးဝန်ကြီးပြော ဒေသဆင်းစစ်ဆေးစဉ် ပြောသည်။

"ဒီဒေသမှာ စမ်းတွေက ရေရဖို့လိုအပ်တယ်။ ဒေသက ပြည်သူတွေ တနိုင်တပိုင်စားဖို့ ကျွန်မတို့ကစီစဉ်ပေးရမယ်ကိစ္စ ။ လက်ညှိုး ထိုးရောင်းစားလို့လည်းမရဘူး။ တိတိကျကျ အရေးယူမယ် ။ စိစစ်ပေးပါ၊ပြည်သူလူထုက မကျေနပ်ဘူး။ တားစာထုတ်တာနဲ့ ချက်ချင်းတားပေးရမယ့်ကိစ္စ ၊ ချက်ချင်းမတားပေးတဲ့ ကိစ္စမှာ အများကြီးတာဝန်ရှိတယ်”ဟု လူမှုရေးဝန်ကြီး   ဒေါက်တာလှမြတ်သွေးက   ပြောသည်။

ဂွေးတောက်ချောင်းကျေးရွာအုပ်စု၊ တောင်ကုန်စမ်းကျေးရွာအနီး မြေလွတ်လပ်မြေရိုင်းအား လုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ခွင့်မရှိဘဲ တောင်ပေါ်မှအပင်များအား ဘူဒိုဇာနှင့် ထိုးရှင်းလင်းခဲ့ခြင်းပြုလုပ်ခဲ့မှုအား ကျေးရွာနေပြည်သူများမကျေနပ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားရခြင်းမှာ အဆိုပါနေရာတွင် ရွာမှ အသုံးပြုနေသော စမ်းရေထွက်ရှိမှုကို အဟန့်အတားဖြစ်မည် ဆိုးသောကြောင့် ဟု သိရသည်။

"ကျွန်တော်ရွာ အသုံးပြုတဲ့ရေ တောင်ကထွက်တဲ့စမ်းရေကိုအသုံးပြုနေရတာ အခု လုပ်ငန်းရှင်တယောက်က ဘူဒိုဇာနဲ့ အပင်တွေထိုးချတော့ အခုဆို ရေတွေနောက်ပြီး သုံးမရအောင်ဖြစ်တယ်။ ဒီနွေရာသီဆို ရေအတွက်စိုးရိမ်နေရပြီး အရင်က စမ်းရေကို သောက်သုံးရေသုံးတဲ့ နွားတွေအတွက်ရော၊ ပိုတဲ့ရေကို လယ်၈၀ဧကစိုက်ပျိုးရေးအတွက်အသုံးပြုရတယ်”ဟု ဦးသန့်ဇင်ဦးက   ရေအခြေအနေနှင့် ပတ်သက်ပြီးပြောသည်။

ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်က "အခု ကျေးရွာပြည်သူတွေတင်ပြလာပြီး ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့ဖွဲ့မယ်။ လယ်စစ်တွေရော၊ တိုင်ကြားတဲ့အဖွဲ့ရော ၊ တောင်မြေရှင်းနေတဲ့အဖွဲ့ရော၊ စိစစ်ပြီး သက်ဆိုင်ရာကို အဆင့်ဆင့်ကို ထပ်ပြီးတင်ပြသွားမယ်၊ကျေးရွာ တိုင်ကြားတာက ရွာဘုံသုံးနေတဲ့ စမ်းချောင်းမခန့်ဖို့နဲ့ဒီတောကို မှီခိုအလုပ်လုပ်နေတာ အဲဒီအတွက်တိုင်ကြားတာ”ဟုပြောသည်။

"ဘူဒိုဇာနဲ့ ထိုးတဲ့ အချိန်မှာ စိုက်ခင်းသမားက တရားဝင်အကြောင်းကြားတာမရှိဘူး ကျေးရွာက ကန့်ကွက်တာမရှိဘူး၊ကျွန်တော် လယ်မြေတွေဆင်းတိုင်တော့ အခု ကိုမင်းမင်းက ဒီမြေကိုတိုင်းချင်တဲ့ ဖြစ်နိုင်ရင်ပြေစာဖောက်ချင်တဲ့ စမ်းနဲ့ မလွတ်ဘူးပြောတဲ့ ဘယ်သူအကြောင်းကြားလည်းမေးတော့ ဆယ်အိမ်မှူးရာအိမ်မှူးအကြောင်းကြားတဲ့ပြောတဲ့၊သူ စက်နဲ့ ထိုးတာမြေဟာ သူပိုင်ဆိုင်တဲ့ မြေမဟုတ်ဘူး”ဟုဂွေးတောက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်စိန်ကပြောသည်။

တောင်ကုန်းစမ်းကျေးရွာပြည်သူများက ၎င်းတောင်မှထွက်ရှိသည့် စမ်းရေကို သောက်သုံးရေအတွက် အဓိကမှီခိုအသုံးပြုရခြင်းဖြစ်ပြီး တောင်ကုန်းမြေ၆ဧက ကျော် အပင်များ ဘူဒိုဇာထိုးလိုက်သောေုကာင့် စမ်းရေများ နောက်ကျိပြီးအသုံးပြုမရတော့ကြောင့် စပါးစိုက်ပျိုးရန်အတွက်အခက်အခဲရှိနိုင်ပြီး၊အင်ပင် အရွက်များ အိမ်အမိုးအတွက်အသုံးပြုနေရကြောင်း ဒေသခံရွာသားများကပြောသည်။

ယခု တောင်မြေအား ပြုလုပ်မှုနှင့်ပတ်သက်ပြီး မြို့အုပ်ချုပ်ရေးမှူး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ကျေးရွာအုပ်ချုပ်ရေးမှူးက ယခုမြေ ပိုင်ဆိုင်သည့်မြေ မဟုတ်ကြောင်းပြောသည်၊   ကျေးရွာတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းနက်တူးပေးရ ပေ၄၀၀ ကျော်အထိ ရေရှိခြင်းမရှိဘဲ စမ်းရေကို သွယ်တန်းပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required