အဖမ်းမခံဘဲ ခုခံသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပစ်ခတ်နှိမ်နင်းရန် အင်ဒိုနီးရှားသမ္မတ အမိန့်ပေး

အဖမ်းမခံဘဲ ခုခံသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပစ်ခတ်နှိမ်နင်းရန် အင်ဒိုနီးရှားသမ္မတ အမိန့်ပေး

ဂျာကာတာ၊ ဇူလိုင် 23 ။           ။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးများကို အမြစ်ဖျက်ခြေမှုန်းနေစဉ်တွင် အဖမ်းမခံ ဘဲ ခုခံသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပစ်ခတ်နှိမ်နင်းရန် ရဲတပ်ဖွဲ့အား အမိန့်ပေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးပါတီများထဲမှ တစ်ခုသို့ ပြီးခဲ့သော သောကြာနေ့က မိန့်ခွန်းပြောခဲ့စဉ်တွင် ၀ီဒိုဒိုက ဥပေဒထိန်းသိမ်းရေးသမားများအား အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ချေမှုန်းပေး ရန် တိုက်တွန်းပြောဆိုခဲ့သည်။

“ တည်ငြိမ်ပြတ်သားကြပါ။ အထူးသဖြင့် နိုင်ငံအတွင်းကို ၀င်ရောက်လာတဲ့ နိုင်ငံခြားသား မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေအပေါ်မှာ ပြတ်ပြတ်သားသားလုပ်ကြပါ။ အကယ်၍ သူတို့က အဖမ်းမခံဘဲ နည်းနည်းလေး ခုခံရင်တောင်မှ သေနတ်နဲ့ ပစ်သာပစ်လိုက်ပါ” ဟု ၀ီဒိုဒိုက ပြောခဲ့သည်။

အင်ဒိုနီးရှား၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး အေဂျင်စီ၏မှတ်တမ်းများအရ နိုင်ငံလူဦးရေ ၂၅၅သန်းထဲမှ ၆သန်းခန့် မှာ မူးယစ်ဆေးဝါးသုံးစွဲသူများ ဖြစ်ကြသောကြောင့် သမ္မတဝီဒိုဒိုအနေဖြင့် အရေးပေါ် မူးယစ်ဆေးဝါးတိုက်ဖျက် ရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၀ီဒိုဒို၏ မှတ်ချက်သည် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် ဝေဖန်စရာများ ဖြစ်စေခဲ့သည်။

ထို့ကြောင့် ယခုအမိန့်နှင့် ပတ်သက်၍ အင်ဒိုနီးရှား၏ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ သုတေသီ တစ်ဦးဖြစ်သူ အန်ဒရီးယက်စ်ဟာဆိုနိုက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

“သမ္မတတစ်ဦးရဲ့ ယခုလို ထုတ်ပြန်ကြေညာချက်ဟာ မှန်ကန်တဲ့ ကျင့်ထုံးမရှိဘဲနဲ့ ကြိုက်သလိုပစ်နိုင်တယ်လို့ မီးစိမ်းပြလိုက်တာနဲ့ အတူတူပါပဲ” ဟု ဟာဆိုနိုက တနင်္ဂနွေနေ့က   အေအက်ဖ်ပီသို့ ပြောကြားခဲ့ပြီး ဥပဒေထိန်း သိမ်းရေးသမားများအနေဖြင့် သတိကြီးကြီးထားပြီး ဥပဒေကိုလိုက်နာဖို့လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုအတွက် ကြီးလေးသောပြစ်ဒဏ်ကို ပြဌာန်းထားပြီး ၅ ဂရမ် သို့ မဟုတ် ထိုထက်ပိုပြီး သယ်ဆောင်သော မှောင်ခိုသမားများကို သေဒဏ်အထိ ချမှတ်ထားကြောင်းသိရသည်။

လွန်ခဲ့သော ၂နှစ်အတွင်း နိုင်ငံခြားသား မူးယစ်ဆေးဝါးရောင်းဝယ်သူများ ဖြစ်ကြသော သြစတြေးလျလူမျိုး အန်ဒရူးချန်းနှင့် မြူရမ်ဆူကူမာရန်တို့အပါအဝင် ရောင်းဝယ်သူ ၁၈ဦးခန့်ကို ကွက်မျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required