စည်းမဲ့ကမ်းမဲ့အပြုအမှုကြောင့် အမှုဖွင့်ဖမ်းဆီးခြင်းခံခဲ့ရသည့် ရှိုင်းယာလာဘတ်ဖ်

စည်းမဲ့ကမ်းမဲ့အပြုအမှုကြောင့် အမှုဖွင့်ဖမ်းဆီးခြင်းခံခဲ့ရသည့် ရှိုင်းယာလာဘတ်ဖ်

အမေရိကန်မင်းသား ရှိုင်းယာလာဘတ်ဖ်သည် ပြီးခဲ့သောစနေနေ့အစောပိုင်းက ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့လယ်ခေါင်ရှိ လူမြင်ကွင်း၌ မူးယစ်ရမ်းကားခဲ့သည့် စည်းမဲ့ကမ်းမဲ့အပြုအမူကြောင့် အမှုဖွင့်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

Transformers စက်ရုပ်ဇာတ်ကားများတွင် ဆမ်ဝတ်ဝီကီဇာတ်ကောင်ဖြင့် လူသိများခဲ့သူ လာဘတ်ဖ်သည် မြို့လယ်ခေါင်ဈေးအနီးတွင် မနက်ဝေလီဝေလင်းအချိန်၌ မူးယစ်နေခဲ့ပြီး ရပ်ကြည့်နေသူများနှင့် ရဲအရာရှိများ က သူ၏အနားသို့ကပ်လာချိန်တွင် စီးကရက်တောင်းသောက်ခဲ့ကြောင်း ဆာဗာနားရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေ ညာခဲ့သည်။

“သူစီးကရက်တောင်းသောက်တာ မရတဲ့အချိန်မှာ လာဘတ်ဖ်ဟာ စည်းမဲ့ကမ်းမဲ့အပြုအမူတွေနဲ့ တုံ့ပြန်ခဲ့ပြီး ကလေးများနှင့် အမျိုးသမီးများရှေ့မှာ ရိုင်းပျသောစကားများ ပြောဆိုသုံးနှုန်းခဲ့တာကြောင့် ဖမ်းဆီးထိန်း သိမ်းခဲ့ရပါတယ်” ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဒါ့အပြင် ရဲအရာရှိများက သူ့အားထိုနေရာမှ ထွက်ခွာသွားရန်ပြောဆိုခဲ့ချိန်တွင် ရန်လိုသောအပြုအမူများနှင့် တုံ့ပြန်ခဲ့ပြီး အရာရှိတစ်ဦးက သူ့ကိုဖမ်းဆီးရန် ကြိုးပမ်းချိန်တွင် လာဘတ်ဖ်သည် ဟိုတယ်ထဲသို့ဝင်ပြေးသွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးတွင် လာဘတ်ဖ်အား စည်းမဲ့ကမ်းမဲ့ပြုမူခြင်း၊ လူမြင်ကွင်း၌ မူးယစ်ရမ်းကားခြင်း၊ အနှောင့်အယှက် ပေးခြင်းတို့ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အသက် ၃၁နှစ်အရွယ်ရှိပြီဖြစ်သည့် လာဘတ်ဖ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ယခုကိစ္စနှင့်ပက်သက်၍ တယ်လီဖုန်း နှင့် အီးမေးလ်တို့ဖြင့် ဆက်သွယ်မေးမြန်းချက်များကို တုံ့ပြန်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

လာဘတ်ဖ်သည် ဆာဗားနားမြို့သို့ The Peanut Butter Falcon ဟုအမည်ရသော ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန် ရောက်ရှိနေစဉ်တွင် ယခုကိစ္စဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required