စစ်အင်အား ကြီးမားးမှုကို ပြသခြင်းအဖြစ် ဟောင်ကောင်သို့ လေယာဉ်တင်သင်္ဘော တရုတ် စေလွှတ်

စစ်အင်အား ကြီးမားးမှုကို ပြသခြင်းအဖြစ် ဟောင်ကောင်သို့ လေယာဉ်တင်သင်္ဘော တရုတ် စေလွှတ်

ဟောင်ကောင်၊ ဇွန် ၃၀ ။              ။ ဗြိတိန်လက်အောက်မှ ဟောင်ကောင်လွတ်မြောက်ကာ တရုတ်လက်သို့ ပြန်လည်ပေးအပ်ခဲ့သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်က စေလွှတ်သည့်   လေယာဉ်တင်သင်္ဘောသည် ဟောင်ကောင်သို့ ဦးတည် ခုတ်မောင်းလျက်ရှိနေပြီဖြစ်သည်။

လေယာဉ်တင်သင်္ဘောအား ဟောင်ကောင်သို့ ယခုကဲ့သို့ စေလွှတ်ခြင်းသည် တရုတ်က ၎င်း၏ စစ်အင်အား ကြီးမားမှုကို ပြသလိုက်ခြင်းက ရှင်းရှင်းလင်းလင်းပင် ပေါ်လွင်သည်။

လေယာဉ်တင် သင်္ဘော Liaoning သည် ပုံမှန်စစ်ရေးလေ့ကျင့်ရေးမစ်ရှင် သင်္ဘောအုပ်စု၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း၊ ဟောင်ကောင်ရှိ ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်မည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၂၉ ရက်တွင် ထုတ်ပြန်သည်။

Liaoning လေယာဉ်တင် သင်္ဘောသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က တည်ဆောက်ထားသော ဆိုဗီယက်ရုရှ၏ သင်္ဘောဟောင်းတစ်စင်းဖြစ်ပြီး တရုတ် ဝယ်ယူပြီးနောက် ၂၀၁၂ တွင် ပြန်လည်ကာ စတင်ရေချခဲ့သည့် သင်္ဘောဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်တွင် တရုတ်၏ ခြယ်လှယ်မှုများ ပိုမိုတင်းကြပ်လာမည် စိုးရိမ်မှုများ ကြီးထွားလျက်ရှိစဉ် ယခုကဲ့သို့ လေယာဉ်တင် သင်္ဘောအား   စေလွှတ်လာခြင်းလည်း ဖြစ်သည်။

တရုတ်လက်အောက်သို့ ဟောင်ကောင်အား ဗြိတိန်က ပြန်လည်လွှဲအပ်ခဲ့သည့်နှစ် ၂၀ ပြည့်အထိမ်းအမှတ်အတွက် တရုတ် သမ္မတ ရှီကျင့်ဖျင်က ဇွန်လ ၂၉ ရက်တွင်ပင် ဟောင်ကောင်သို့   ရောက်ရှိနေချိန်လည်း ဖြစ်သည်။

လေယာဉ်တင်သင်္ဘော Liaoning သည် တရုတ်လွတ်မြောက်ရေးစစ်တပ် PLA ဟောင်ကောင် မြေသို့ ဝင်ရောက်ခြင် နှစ် ၂၀ ပြည့် အထိမ်းအမှတ်တွင် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူ ဝူကျန်းက သတင်းထောက်များအား ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required