ဝက်ဂ်နာ ကြေးစားစစ်တပ် နှင့် တရုတ် အစိုးရ

By The Statesman
02 July 2023
ဝက်ဂ်နာ ကြေးစားစစ်တပ် နှင့် တရုတ် အစိုးရ

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ ခေါင်းဆောင်မှု ကို စိန်ခေါ်သော ဝက်ဂ်နာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်း၏ ပုန်ကန်မှုမှ လွတ်မြောက်ခဲ့သလို ရှိသော်လည်း   အဆိုပါဖြစ်ရပ်က သမ္မတ ပူတင် အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် ထားရှိသည့် ပုဂ္ဂိုလ်ရေးအဆင့် ပတ်သက်မှု နှင့် ရုရှားနိုင်ငံသို့ ဗျူဟာမြောက် ဆက်ဆံရေးတွင် ကျယ်ကျယ်လောင်လောင် ဝေဖန်သံထွက်ပေါ်လာသည်။

တရုတ်သည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် ၎င်း၏ မဟာမိတ်များကို ဟန်ချက်ညီအောင် တန်ပြန်ရာတွင် ရုရှားဖက်ဒရေးရှင်းကို အဓိကမိတ်ဖက်အဖြစ် ရှုမြင်ထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတပူတင်တို့ နှစ်ဦးစလုံးသည် အမေရိကန် ကြီးစိုးသော ဒုတိယကမ္ဘာစစ်လွန် နိုင်ငံတကာ စည်းမျဉ်းဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအချက်သည် နှစ်နိုင်ငံကြား 'အကန့်အသတ်မရှိ' မိတ်ဖက်ဆက်ဆံရေးအတွက် အကြောင်းပြချက် ဖြစ်သည်။

ထို့ကြောင့် ပုန်ကန်လုနီးနီး ဖြစ်ခဲ့သော ဝက်ဂ်နာ တပ်ဖွဲ့ လှုပ်ရှားမှု သည် ရုရှားအတွက် အနာဂတ်တွင် ထပ်မံ ဖြစ်နိုင်ချေရှိပြီး တရုတ်မှ အလွန် စိုးရိမ်ပူပန်နေသော အချက်ဖြစ်သည်။

တရုတ်နှင့် နယ်နိမိတ် မိုင်ပေါင်း ၂၆၀၀ ကျော် ထိစပ်နေသော ရုရှားပြည်တွင်း မငြိမ်မသက်မှု ဖြစ်နိုင်ခြေ သည် အချိန်မရွေး ကူးစက်လာနိုင်ခြင်း သို့မဟုတ် ၎င်း၏ အနီးနားကို ချက်ချင်း မတည်မငြိမ် ဖြစ်စေမည်ကို တရုတ် မှ အထူးစိုးရိမ်နေကြောင်း  Brookings မူဝါဒ ရေးရာအဖွဲ့အစည်း မှ ပက်ထရစ်ရှီယာ အမ် ကင်း က ဆိုသည်။

ပဋိပက္ခ စတင် သည့် အချိန် ကတည်းကပင် အမေရိကန်တာဝန်ရှိသူများက ရုရှား၏ နျူကလီးယား တည်ရှိမှု အနေအထား ကို အနီးကပ်ခြေရာခံနေသကဲ့သို့ တရုတ်ခေါင်းဆောင်များသည် ရုရှားနျူကလီးယား ထိန်းချုပ်မှု လျော့နည်းလာခြင်း အန္တရာယ်နှင့် တရုတ်၏ လုံခြုံရေးအား ခြိမ်းခြောက်လာမည်ကို အထူး စိုးရိမ်နေကြသည်။

ဝက်ဂ်နာ ကြေးစားစစ်တပ်သည် ပုန်ကုန်မှု ဖျက်သိမ်းလိုက်သည့်တိုင် သံသယဖြစ်ဖွယ် မရှိသော ၎င်း၏ စစ်ရေးစွမ်းရည် နှင့် အင်အားနည်းနေသော ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် ဗျူဟာမြောက် ပေါင်းစည်းခြင်းသည် အားသာချက်ထက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ကို တရုတ် အနေဖြင့် စိုးရိမ်မှုများ မြင့်တက်လာစေသည်။

မဟာဗျူဟာကို ပြောင်းလည်းရန် တရုတ်ခေါင်းဆောင် ရှီ ပေါ်သို့ ရုတ်တရတ် ဖိအား မကျရောက်သေး သော်လည်း တရုတ်ကွန်မြူနစ်ပါတီ ဗျူဟာမှူးများက တရုတ်၏ အကျိုးစီးပွားကို အမြင့်မားဆုံးထိန်းထားရန် ဤ အချက်ကို  ၎င်းတို့၏ မူဝါဒတွင်   ထည့်သွင်းစဉ်းစားမည်မှာ သေချာသည်။

သို့သော် တရုတ်အတွက် လုံခြုံရေးကိစ္စထက် ပို၍ ချက်ခြင်း စိုးရိမ်ရဖွယ်ကောင်းသော ဖြစ်ရပ်ဖြစ်သည်။ အထူးသဖြင့် ရှရှားသည် ယူကရိန်းကို နှောင့်ယှက်သော ကျူးကျော်ဝင်ရောက်မှု၏ ရလဒ်အဖြစ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရပြီးနောက် လာမည့်လများနှင့် နှစ်များအတွင်း ရုရှား လမ်းကြောင်းသည် ဆိုးဝါးသော ဖြစ်ရပ်များ ဖြစ်လာမည်မှာ  သံသယ ဖြစ်ဖွယ်မရှိပေ။ ပိတ်ဆို့ အရေးယူမှုများကြောင့် မကြာမီကာလအတွင်း နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေနိုင်ဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက သဘောတူညီခဲ့ကြသည်။

ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များပင်လျှင် စီးပွားရေးကပ်ဘေးမှ ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CCP) မူဝါဒချမှတ်ရေးအဖွဲ့အစည်းမှ အချို့က ယူဆထားကြပြီး ရှရှားနှင့် စီးပွားရေးဆက်ဆံမှုများ သိသိသာသာ နက်ရှိုင်းလာသောကြောင့် တရုတ်သည် အဆိုပါ အကျိုး သက်ရောက်မှုကိုပါ ခံစားရမည်ဖြစ်သည်။

တရုတ်သည် ယူကရိန်းအကျပ်အတည်းတွင် ရုရှားကို ကျောထောက်နောက်ခံပေးသောကြောင့် အနောက်နိုင်ငံများကြားတွင် သာမက ဘက်မလိုက်သောကမ္ဘာ၏  ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ကိုပါ ခံစားရပေမည်။ တရုတ်-ရှရှား နှစ်နိုင်ငံဆက်ဆံရေး အောင်မြင်ရန် အခွင့်အလမ်း နည်းပါ လာပြီး တရုတ် အနေဖြင့် အကျိုးစီးပွား ရလာနိုင်ဖွယ် မရှိပေ။  တရုတ်သည် ယခု အချိန် အထိ ပရီဂိုဇင်း အား ပြောင်ပြောင်တင်းတင်း ဝေဖန်ခြင်း သို့မဟုတ်  သမ္မတ ပူတင်အား တိုက်ရိုက်ထောက်ခံကြောင်း ဖော်ပြခြင်းမှ ရှောင်ရှားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly