နယူးဇီလန်နှင့်ပွဲတွင် စီရော်နယ်ဒိုကို ပေါ်တူဂီအသင်း အနားပေးထားဖွယ်ရှိ

နယူးဇီလန်နှင့်ပွဲတွင် စီရော်နယ်ဒိုကို ပေါ်တူဂီအသင်း အနားပေးထားဖွယ်ရှိ

ဇွန် ၂၄၊ စိန့်ပီတာစ်ဘာ့ဂ်။              ။ ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်သို့တက်ရောက်ရန် ရည်မှန်းနေသည့် ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီအသင်းသည် စနေနေ့တွင် နယူးဇီလန်နှင့်ကစားရမည့်ပွဲ၌ စီရော်နယ်ဒိုကို အနားပေးထားဖွယ် ရှိနေသည်။

စပိန်တွင်အခွန်ပြဿနာတက်နေသည့် စီရော်နယ်ဒိုသည် မက္ကဆီကိုနှင့်နှစ်ဂိုးစီသရေကျသည့်ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆုရအောင် ခြေစွမ်းပြနိုင်ခဲ့သကဲ့သို့ အိမ်ရှင်ရုရှကို ၁-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်လည်း အနိုင်ဂိုးသွင်းနိုင်ခဲ့သည်။

နည်းပြဖာနန်ဒိုဆန်းတို့စ်သည် အသင်းကိုအလှည့်ကျစနစ်ဖြင့်ပွဲထုတ်လိမ့်မည်ဟုမျှော်လင့်ရပြီး အုပ်စုအဆင့်မှပင်ထွက်ခဲ့ရပြီး ဖြစ်သည့် နယူးဇီလန်နှင့်ပွဲတွင် စီရော်နယ်ဒိုကို ချန်လှပ်ထားဖွယ်ရှိနေခြင်းဖြစ်သည်။

အနိုင်ရရန်အလေးသာနေသည့် ပေါ်တူဂီတိုက်စစ်ကို အေစီမီလန်ကစားသမားသစ် အန်ဒရီ ဆေးလ်ဗားက ဦးဆောင်လာဖွယ် ရှိသည်။

“ကစားသမားတွေကို စီမံခန့်ခွဲဖို့ရှိနေပြီး သူတို့ရဲ့စိတ်ခံစားချက်ပေါ်တည်ပြီး အလှည့်ကျစနစ်ကိုအခြေခံ ပွဲထုတ်သွားဖို့ရှိနေပါ တယ်။ ယုံကြည်ရတဲ့ ကစားသမားအစုအဖွဲ့သာရှိနေရင် အဲဒါကအလွယ်လေးပါ။

ရော်နယ်ဒိုကစားသမားမလား၊ မကစားဘူးလားဆိုတာကို ကျွန်တော်မပြောလိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြိုင်ဘက်ကို မသိစေချင်လို့ပါ။

နယူးဇီလန်ဟာ မက္ကဆီကို ကို ဒုက္ခပေးနိုင်ခဲ့ပြီး အခုပွဲမှာလည်း ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်”ဟု ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ပြောသည်။

အုပ်စု (က)တွင် နယူးဇီလန်နှင့် ပေါ်တူဂီတို့က ရမှတ်လေးမှတ်စီရထားပြီး နယူးဇီလန်က ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေကာ အိမ်ရှင်ရုရှက ရမှတ် သုံးမှတ်ဖြင့် တတိယနေရာတွင်ရပ်တည်နေသည်။

စနေ (ယနေ့) ည ၉း၃၀ နာရီအချိန်တွင် မက္ကဆီကိုနှင့်ရုရှတို့တွေ့ဆုံနေပြီး ပေါ်တူဂီအသင်းက အမှတ်မရသေးသည့် နယူးဇီလန်နှင့် ကစားရမည်ဖြစ်သည်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required