ဟားလ်စီးတီးနောက်ခံလူ မာဂူရီကို လက်စတာအသင်းခေါ်ယူ

ဟားလ်စီးတီးနောက်ခံလူ မာဂူရီကို လက်စတာအသင်းခေါ်ယူ

ဇွန် ၁၆၊ အင်္ဂလန် ။            ။ လက်စတာအသင်းသည် ဟားလ်စီးတီးနောက်ခံကစားသမား ဟယ်ရီမာဂူရီကို ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းဖြင့် ငါးနှစ် စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ဟားလ်စီးတီးအသင်း တန်းဆင်းခဲ့ရသော်လည်း မာဂူရီသည် ခံစစ်တွင်ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းကြောင့် အသင်းအများအပြား၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား မာဂူရီသည် အသင်းဖော်သစ်များနှင့် ဇူလိုင်လဆန်းတွင် စတင်တွေ့ဆုံပြီး လေ့ကျင့်ခန်းဆင်းမည် ဖြစ်သည်။

လက်စတာနှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် မာဂူရီက ‘ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကလပ်အသင်းတွေ အများအပြားက စိတ်ဝင်စားနေပေမယ့် လက်စတာအသင်းက ကျွန်တော့်မျက်စိထဲမှာ မြင်မိတဲ့ တစ်သင်းတည်းသော အသင်းပါပဲ။ ဒီအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ပျော်ပါတယ်။ ရာသီစတင်ဖို့ မစောင့်နိုင်တော့ပါဘူး’ ဟု ပြောဆိုခဲ့သည်။

မာဂူရီသည် ပြီးခဲ့သည့်ရာသီက ဟားလ်စီးတီးအတွက် ၂၉ ပွဲ ပါဝင်ကစားခဲ့ရာတွင် ၂ ဂိုးသွင်းယူပြီး ၂ ဂိုးဖန်တီးပေးခဲ့သည်။ အဝါကတ်ခြောက်ကြိမ်ပြသခံခဲ့ရပြီး ဖျက်ထုတ်မှုပေါင်း ၁၅၂ ကြိမ် လုပ်နိုင်ခဲ့သည်။ ဘောလုံးလူယူမှု ၇၅ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required