ဂရစ်ဇ်မန်းနှင့် အက်သလက်တီကိုအသင်း စာချုပ်သစ်ချုပ်ဆို

ဂရစ်ဇ်မန်းနှင့် အက်သလက်တီကိုအသင်း စာချုပ်သစ်ချုပ်ဆို

ဇွန် ၁၃၊ စပိန် ။              ။ မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်တိနီယိုဂရစ်ဇ်မန်းသည် မိခင်ကလပ် အက်သလက်တီကိုအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

မန်ယူအသင်းက ဂရစ်ဇ်မန်းကို အသည်းအသန်ခေါ်ယူလိုခဲ့သော်လည်း အက်သလက်အသင်းမှာ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရသည့်အတွက် ပြင်သစ်တိုက်စစ်မှူးက စပိန်တွင်သာ ဆက်လက်ကစားပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အက်သလက်အသင်းသည် ဂရစ်ဇ်မန်းကို ၂၀၂၂ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းဖြစ်ပြီး စာချုပ်သစ်အရ ဂရစ်ဇ်မန်းမှာ တစ်ပတ်လစာငွေ ပေါင် ၂၃၅,၀၀၀ ရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဂရစ်ဇ်မန်းမှာ အက်သလက်တီကိုအသင်း၏ လစာငွေအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး လာလီဂါတွင် စီရော်နယ်ဒို၊ မက်ဆီနှင့်နေမာတို့ပြီးနောက် စတုတ္ထလစာအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့သည်။

စာချုပ်သစ်ချုပ်ဆိုလိုက်သော်လည်း ၎င်းစာချုပ်သစ်တွင် ပေါင် ၈၈ သန်းပေးချေလျှင် ဂရစ်ဇ်မန်းမှာ အသင်းပြောင်းရွှေ့ခွင့်ရှိသည်ဆိုသော အချက်ပါဝင်လျက်ရှိသည်။

ထို့ကြောင့် မန်ယူအသင်းအနေဖြင့် အက်သလက်တီကိုအသင်း အပြောင်းအရွှေ့ပိတ်ပင်ခံထားရသည့် 2018 ဇန်နဝါရီလ နောက်ပိုင်းတွင် ဂရစ်ဇ်မန်းကို လျော်ကြေးပေး၍ ခေါ်ယူနိုင်ဖွယ်ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required