အနာဂတ်အတွက် ချယ်လ်ဆီးအသင်း၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ကော်စတာပြော

အနာဂတ်အတွက် ချယ်လ်ဆီးအသင်း၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ကော်စတာပြော

ဇွန် ၁၂၊ အင်္ဂလန် ။             ။ ချယ်လ်ဆီးနဲ့စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာက သူ၏အနာဂတ်အတွက် ချယ်လ်ဆီးအသင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ပြောဆိုလိုက်သည်။

စပိန်အသင်းက မက်ဆီဒိုးနီးယားအသင်းကို ၁-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ကော်စတာက စပိန်အသင်းအတွက် အဖိုးတန်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထိုပွဲအပြီးတွင် ကော်စတာက သူ၏အနာဂတ်နှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

‘ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ မသိသေးပါဘူး။ ချယ်လ်ဆီးနဲ့ကျွန်တော့်စာချုပ်က ၂ နှစ် ကျန်ပါသေးတယ်။ သူတို့ကျွန်တော့်ကို ဆက်ပြီး အလိုရှိနေလား ဒါမှမဟုတ် အသင်းက ထုတ်ပယ်မှာလား။ ချယ်လ်ဆီးရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်စောင့်နေပါတယ်။’ ဟု ကော်စတာက ဆိုသည်။

ကော်စတာသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအတွက် ၂၁ ဂိုးအထိသွင်းခဲ့ပြီး ခြေစွမ်းပြခဲ့သူဖြစ်သည်။ သို့သော် ချယ်လ်ဆီးနည်းပြကွန်တီက အသင်း၏အနာဂတ်တွင်ကော်စတာမပါဝင်တော့ကြောင်း ပြီးခဲ့သည့်အပတ်က ဖုန်းမှတစ်ဆင့် စာတိုပေးပို့ခဲ့သည်။

ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီ၏လက်အောက်တွင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required