အန္တရာယ်ဖြစ်စေသော အစားအသောက်များ တိုင်ကြားမှုအတွက် ၀န်ကြီးဌာနနှင့် ပူးပေါင်းရန် လို

အန္တရာယ်ဖြစ်စေသော အစားအသောက်များ တိုင်ကြားမှုအတွက် ၀န်ကြီးဌာနနှင့် ပူးပေါင်းရန် လို

ဇွန်လ ၃ ။             ။ အစားအသောက် ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး တိုင်ကြားမှုတွေနှင့် ဓါတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်သည့်အခါ အချိန်ကြာမြင့်မှုတွေမရှိရန် အစိုးရဝန်ကြီးဌာနတွေ ပူပေါင်းဆောင်ရွက်ရန် လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ဇွန်လ၃ရက်နေ့က ရန်ကုန်မြို့မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းUMFCCI တွင် မြန်မာနိုင်ငံ၌ ပထrဆုံးအကြိမ်ကျင်းသော “ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ”ဆိုသည့်ဆွေးနွေးပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီလိုတိုင်ကြားမှုတွေရှိလာလို့ ရှိရင် စီစစ်အရေးယူဆောင်ရွက်မှုတွေကို အချိန်တိုအတွင်း ဖြစ်နိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တချို့အခြေအနေတွေဟာ ဓါတ်ခွဲခန်းတွေမှာ ပို့စစ်နေတဲ့အခြေအနေ တွေမှာ အချိန်ကြာမြင့်နေတဲ့အတွက် အချိန်တိုအတွင်းဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနတွေ အတွင်းမှာ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး၊ ပြည်ပသို့ အဆင့်မီ စားသောက်ကုန်များ တင်ပို့ရောင်းချရေး၊ ပြည်ပမှ အရည်အသွေးမမီသော စားသောက်ကုန်တင်သွင်းလာမှု တားဆီးရေးနှင့် ဒေသအလိုက်ထွက်ရှိတဲ့ စားသောက်ကုန်များ  ကျန်းမာရေးနဲ့ ညီညွတ်စွာထုတ်လုပ်ရောင်းချနိုင်ရေး အပါအဝင် ရည်ရွယ်ချက်များဖြင့်   ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပါမောက္ခဒေါက်တာ တင့်ဆွေလတ်က "အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး"ဆိုသည့် ခေါင်းစဉ်ဖြင့် လာရောက်ဆွေးနွေးခဲ့ပြီး မသန့်ရှင်းသော အစားအစာမှ အစာအဆိပ်ဖြစ်မှုကြောင်း ပြောသည်။

"မသန့်ရှင်းတဲ့ အဆိပ်အတောက်တွေကနေ Food Poison ဖြစ်လာတဲ့ဟာတွေလည်း ပါ ပါတယ်။ အဓိကအားဖြင့် အစားအသောက်အားဖြင့်ဖြစ်သော ကူးစက်တတ်တဲ့   ရောဂါပိုးမွှားတွေချည်းပဲ။   ပြည်သူလူထုစားသောက်တဲ့ အစားအသောက်တွေက ပိုးမွှားတွေကင်းစင်ရုံနဲ့ လုံလောက်ပါရဲ့လား"  ဟု ပါမောက္ခဒေါက်တာ တင့်ဆွေလတ်က ပြောသည်။

အဓိက အချက်များဖြစ်သော စားသုံးအကာအကွယ်ပေးရေးဥပဒေနှင့် စားသောက်ကုန်များရဲ့ကဏ္ဍ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များထုတ်လုပ်ခြင်း၊ မျက်မှောက်ကာလ စားသောက်ကုန်နှင့်စားသုံးသူ၊ ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များထုတ်လုပ်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်ထုတ်လုပ်မှုလိုအပ်ချက်များ ၊ဘေးအန္တရာယ်ကင်းသောမွေးမြူရေးအခြေခံစားသောက်ကုန်ထုတ်လုပ်မှု ဆိုသည့်အချက်များကို အဓိကထားဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required