ချယ်လ်ဆီးအသင်းတွင် ၂၀၂၁ခုနှစ်အထိ ကွန်တီ ဆက်ရှိမည်

ချယ်လ်ဆီးအသင်းတွင် ၂၀၂၁ခုနှစ်အထိ ကွန်တီ ဆက်ရှိမည်

မေ ၂၇၊ လန်ဒန်။               ။ ၂၀၁၆-၁၇ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သော အီတလီလူမျိုးနည်းပြ ကွန်တီမှာ ချယ်လ်ဆီးအသင်းတွင် ၂၀၂၁ခုနှစ်အထိဆက်ရှိနေမည့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်စီစဉ်နေသည်။

ကွန်တီကို အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းက ကမ်းလှမ်းမှုများရှိခဲ့သော်လည်း ငြင်းဆန်ကာ ချယ်လ်ဆီးတွက်ဆက်ရှိရန် ကာယကံရှင်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်ချယ်လ်ဆီးမှာ နှစ်နှစ်လောက်ဆက်ရှိမယ့်စာချုပ်ရှိပြီးသားပါ။ ဒါပေမယ့်အသင်းက ကျွန်တော့်အတွက်ပိုမိုကောင်းမွန်တဲ့စာချုပ်သစ်ကမ်းလှမ်းလာပါတယ်။ ဒါကို ကျွန်တော် မငြင်းနိုင်ပါဘူး။ ကျွန်တော်ချယ်လ်ဆီးမှာနှစ်တွေအများကြီးနေသွားဖို့မျှော်လင့်ထားပါတယ်။ လာမယ့်ရာသီ အပြောင်းအရွှေ့အခြေအနေအတွက်လည်း အသင်းနဲ့အစီအစဉ်တွေ ဆောင်ရွက်နေပါပြီ။ ဟု ကွန်တီကပြောသည်။

ချယ်ဆီးအသင်းမှ ကမ်းလှမ်းထားသောစာချုပ်သစ်အရ ကွန်တီမှာ တစ်နှစ် လုပ်ခလစာ ပေါင် ၉.၅သန်းရရှိမည်ဖြစ်သည်။ ကွန်တီမှာ ချယ်လ်ဆီးနှင့်စာချုပ်သစ်ချုပ်ဆိုပြီးပါက အီတလီနိုင်ငံမှ ဇနီးနှင့်သမီးကိုလည်း လန်ဒန်သို့ခေါ်ယူကာ အတူတကွ နေထိုင်ရန် စီစဉ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required