အများပြည်သူဝန်ဆောင်မှုလုပ်သားအဖြစ် လီမင်ဟို စတင် တာဝန်ထမ်းဆောင်

အများပြည်သူဝန်ဆောင်မှုလုပ်သားအဖြစ် လီမင်ဟို စတင် တာဝန်ထမ်းဆောင်

မေလ ၁၂ ရက်နေ့မနက်တွင် တောင်ကိုရီးယားမင်းသားလီမင်ဟိုသည် မဖြစ်မနေစစ်မှုထမ်းရမည့် တာဝန်အစား ပြည်သူ့ဝန်ဆောင်မှုလုပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ရန်အတွက် ဆိုးလ်မြို့ရှိ ဂန်းနမ်းရုံးသို့ ရောက်ရှိ လာခဲ့သည်။

စစ်မှုထမ်းခြင်းအစား လူမှုရေးလုပ်သားအဖြစ် တာဝန်ထမ်းဆောင်ရမည့် စည်းမျဉ်းများအရ လီမင်ဟိုသည် သင်တန်းစခန်းများသို့ မဝင်ရောက်မီတွင် ရှေးဦးစွာ အမှုထမ်းရဦးမည်ဖြစ်သည်။ ထို့နောက်တွင်မှ သူသည် သင်တန်းစခန်းသို့ တက်ရောက်ပြီး လေးပတ်တာခန့် သင်ကြားရမည်ဖြစ်သည်။ သူသည် ထိုသင်တန်းသို့ ယခုနှစ်အတွင်း တက်ရောက်သင်ကြားမည်ဖြစ်သည်။

လီမင်ဟိုသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကားမတော်တဆမှု၌ ခြေကျင်းဝတ်နှင့် ပေါင်မှအရိုးများ ကျိုးသွားခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင်လည်း ကားမတော်တဆဖြစ်မှု ထပ်မံကြုံတွေ့ခဲ့ ရသောကြောင့် အာဏာပိုင်များက သူ့အား စစ်မှုထမ်းတာဝန်အစား ပြည်သူ့ဝန်ဆောင်မှုလုပ်သားအဖြစ် တာဝန်ထမ်းဆောင်ခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုလိုအမှုထမ်းရမည့် တာဝန်များကို မစတင်မီတွင် လီမင်ဟိုသည် မင်းသမီးဂျန်ဂျီဟွမ်းနှင့်အတူ SBS ရုပ်သံမှ ထုတ်လွှင့်သော The Legend of the Blue Sea ဒရာမာ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags