စည်းကမ်းမဲ့အငှားယာဉ်များကြောင့် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ အရေးပေါ်ကားနှင့် လူနာများ အခက်တွေ့နေ

စည်းကမ်းမဲ့အငှားယာဉ်များကြောင့် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ အရေးပေါ်ကားနှင့် လူနာများ အခက်တွေ့နေ

ရန်ကုန်၊ မေ၉ ။            ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ရှိသည့် ကားရပ်နားကွင်းများတွင် အငှားယာဉ်များ လာရောက်ရပ်နားခြင်းကြောင့် လူနာတွေနဲ့ အရေးပေါ်ယာဉ်တွေအတွက် အခက်တွေ့စေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်သင်္ဂီမြင့်က ပြောသည်။

ဆေးရုံဝင်းအတွင်းရှိ အရေးပေါ်ကားများနှင့် ဆေးရုံမှ တာဝန်ရှိသူများ လူနာရှင်များသာ ရပ်နားသင့်ပြီး အငှားယာဉ်များအနေနှင့် စီးပွားဖြစ် လာရောက်ရပ်နားခြင်းမျိုး ရှိနေကြောင်း သူက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကို ကိုသွားရောက်မေးမြန်းရာတွင် ဒေါက်တာခင်သိင်္ဂီမြင့်ကို ဖြေကြားရန် တာဝန်ပေးခဲ့၍ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

"အရေးပေါ်ကားတွေဝင်လာတယ်။ တစ်ခါတစ်ခါကျ သုံးလေးငါးစီးပေါ့။ ပိတ်ရပ်ပြီးတော့ လူနာ၊ ခရီးသည်ရှာနေတာ တစ်စီးတည်းမဟုတ်ဘူး ပိတ်ရပ်ပြီးတော့လုပ်တဲ့အခါကျတော့ ဆရာဝန်ကြီးတွေ ဝင်ထွက်ဖို့ရော အရေးပေါ်လူနာတွေ ဝင်ထွက်ဖို့ရော နှလုံးအဆောင်ဘက်လည်းရှိတော့ နှလုံးလူနာတွေ အသက်ကယ်ပြီးတဲ့အခါကျရင် နှလုံးဆောင်ဘက်ကို လူနာလွှဲပြောင်းရတာရှိတဲ့ အခါကျတော့ မြန်မြန်ပို့ရတဲ့အခါတွေမှာ တော်တော်ကို အခက်အခဲလည်းဖြစ်ပါတယ်။ ကသိကအောက်လည်းဖြစ်ပါတယ်။" လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

လူနာကို လာရောက်ပို့ဆောင်ရသော အငှားယာဉ်များအနေဖြင့် လူနာပို့ဆောင်ပြီးပါက ခရီးသည်စောင့်ရှာမနေဘဲ ပြန်လည်ထွက်ခွာခြင်းဖြင့် အကူအညီပေးစေလိုကြောင်း ၎င်းက ပြောသည်။

ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဗိုလ်ချုပ်လမ်းဘက်ရှိ ဝင်ပေါက်တွင် တစ်နေ့လျှင် အစီး ၂၀၊ ၃၀ခန့် ရှိကြောင်း ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

ယခုကဲ့သို့ အငှားယဉ်များ စည်းကမ်းမဲ့မရပ်နားရန် သတိပေးစာများ ကပ်ထားပြီး နောက်ဆုံးအဆင့်အနေဖြင့် လသာယာဉ်ထိမ်းရဲစခန်း၊ ၅၂ လမ်း ယဉ်ထိန်းရုံးများဆီသို့
ဆက်သွယ်ကာ ယာဉ်ထိမ်းရဲများကို အကြောင်းကြားဖြေရှင်းရသည်များ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required