Shop.com.mm ၏ သင်္ကြန်အထူး စျေးရောင်းပွဲတော်ကို ဧပြီ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိကျင်းပမည်

Shop.com.mm ၏ သင်္ကြန်အထူး စျေးရောင်းပွဲတော်ကို ဧပြီ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိကျင်းပမည်
 

အတာသင်္ကြန်ချိန်ခါနီးလာသည်နှင့်အမျှ စျေးဝယ်စင်တာများ၊ စူပါမတ်ကတ်များတွင် လူများ ကြိတ်ကြိတ် တိုးကာ စည်ကားနေကြြ့ပီ။ ရန်ကုန်မြို့၏ နေ့အပူချိန်မှာ တစ်စတစ်စမြင့်မားလာပြီး ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အနေအထားတွင် သင်္ကြန်အတွက်လိုအပ်သောပစ္စည်းများဝယ်ရန် အိမ်ထဲမှအိမ်ပြင်မထွက်ဘဲ အရည်အသွေးမြင့် branded ကုန်ပစ္စည်းများကို အများဆုံးလျှော့စျေး ၈၅% ဖြင့် ၀ယ်ယူနိုင်မည့် Shop.com.mm ၏ နှစ်သစ်ကူး အတာသင်္ကြန်အထူးစျေးရောင်းပွဲတော်ကို ဧပြီလ (၁) ရက်နေ့မှ (၁၀)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

အွန်လိုင်းစျေးရောင်းပွဲတော်ကို ဧပြီ (၁) ရက်နေ့မှ (၁၀) ရက်နေ့ထိပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ရွှင်စရာ သင်္ကြန်မတိုင်မီ ဧပြီ (၉) ရက်နေ့နှင့် (၁၀)ရက်နေ့ မြန်မာပလာဇာတွင်လည်း အထူးစျေးရောင်းပွဲကို ကျင်းပ သွားမည်ဖြစ်သည်။ မြန်မာပလာဇာစျေးရောင်းပွဲတွင် အကောင်းဆုံးနိုင်ငံတကာ အမှတ်တံဆိပ်ကုန်ပစ္စည်း များကိုခင်းကျင်းပြသသွားမည်ဖြစ်ပြီးစျေးဝယ်သူများမှတစ်ခါတည်း website ပေါ်တွင်   အော်ဒါတင်ဝယ်ယူနိုင်ပြီး အွန်လိုင်းစျေးဝယ်ခြင်းအတွေ့အကြံုကို ခံစားနိုင်စေမည်။ မြန်မာပလာဇာရှိ သင်္ကြန်အထူးစျေးရောင်းပွဲကို လာရောက်သော စျေးဝယ်သူများအတွက် ပျော်ရွှင်စရာ လက်ဆောင်များနှင့် လျှော့စျေးအစီအစဉ်များလည်း ရှိသည်။ ၀ယ်ယူထားသော ပစ္စည်းများကို ရုံးဖွင့်ရက် ၂ ရက်မှ ၅ ရက်အတွင်း အိမ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ပြီး Shop.com.mm ၏ Customer Services မှာ သင်္ကြန်အထူးစျေးရောင်းပွဲတော် ကာလအတွင်း ည (၉) နာရီအချိန်ထိ စျေးဝယ်သူများသိလိုသမျှကို ၀န်ဆောင်မှုပေးသွားပါမည်။

Shop.com.mm ၏ သင်္ကြန်အထူးစျေးရောင်းပွဲတွင် Samsung, Sony, Singtech စသည့် နာမည်ကြီးဖုန်းများ အပြင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းများအား အထူးလျှော့စျေးများဖြင့် ၀ယ်ယူနိုင်မည့် အပြင် Timberland, John Henry, Springfield, Titan Watches, MK Lifestyle, Skechers စသည့်ဖက်ရှင် အမှတ်တံဆိပ်များ၊ Loreal’s, Maybelline, Cathy doll, Clear စသည့် မိတ်ကပ်၊ ခေါင်းလျှော်ရည်များကိုလည်း အများဆုံး discounts နှင့် ရရှိနိုင် မည်ဖြစ်သည်။

Shop.com.mm ၏ သင်္ကြန်အထူးစျေးရောင်းပွဲကို Grand Royal မှ စီစဉ်တင်ဆက်ပြီး CLEAR နှင့် iflix တို့မှ ကူညီပံ့ပိုးပေးထားပါသည်။ Media Partners များအဖြစ် MRTV-E နှင့် Mizzima Media Group တို့မှ ပါ၀င်တင်ဆက်ပေးထားသည်။ Shop.com.mm ရဲ့ သင်္ကြန်စျေး ရောင်းပွဲတော်တွင် ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ)နဲ့ အထက်ဝယ်သူ မည်သူမဆို iFlix ရဲ့ ၃ လအမဲ့ကြည့်ရှုခွင့်   ဘောက်ချာကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly