မနီလာရှိ လူထုချီတက်ပွဲ၌ ဒူတာတေးကို ထောက်ခံသူများနှင့်ဆန့်ကျင်သူများ ပါ၀င်ခဲ့

မနီလာရှိ လူထုချီတက်ပွဲ၌ ဒူတာတေးကို ထောက်ခံသူများနှင့်ဆန့်ကျင်သူများ ပါ၀င်ခဲ့

ပြီးခဲ့သောစနေနေ့က မနီလာတွင်ကျင်းပခဲ့သော လူထုချီတက်ပွဲတွင် သမ္မတ ရိုဒရီဂိုဒူတာတေးအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများသည် အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြပြီး သူ၏ရက်စက်သော မူးယစ်ဆေးဝါးစစ်ပွဲသည် ဖိလစ်ပိုင်နိုင်ငံအား အယူဝါဒနှစ်မျိုးဖြင့် နှစ်ခြမ်းကွဲသွားစေခဲ့ကြောင်း မီးမောင်းထိုးပြနေသည်။

အာဏာရှင်မားကို့စ်အား ဖြုတ်ချသည့်အနေဖြင့် တော်လှန်ရေးဆင်နွှဲခဲ့သော ဒီမိုကရေစီရေးလှုပ်ရှားမှု အောင်ပွဲ ၃၁နှစ်ပြည့်နှစ်လည်အဖြစ် မနီလာမြို့တွင် လူပေါင်းများစွာစုရုံး၍ လူထုချီတက်ပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဒူတာတေး၏ ရှစ်လခန့်ကြာမြင့်ပြီဖြစ်သော မူးယစ်ဆေးဆန့်ကျင်ရေးနှင့်ဖြိုခွင်းရေးအတွက် ဆုတောင်းချီတက်ခဲ့သည့်လူအုပ်ကြီးသည် ၂၀၀၀၀၀ ခန့်ရှိကြောင်း ရဲများက ခန့်မှန်းပြောကြားခဲ့သည်။

ဒူတာတေးအားဝေဖန်သော သမ္မတဟောင်းဖြစ်သူ ဘန်နစ်နိုအကွီနိုနှင့် ဒုသမ္မတဟောင်း လီနီရိုဘရီဒိုတို့သည်လည်း မနီလာမြို့ရှိ အမျိုးသားရဲဌာနချုပ်အနီးတွင်ကျင်းပသော လူထုချီတက်ပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။

“ခင်ဗျားတို့ အခုလိုမျိုး ဒီကိုစုဝေးရောက်ရှိလာမှုဟာ သမ္မတအပေါ် ခိုင်မာတဲ့ထောက်ခံမှုကို ပြသလိုက်တာပဲဖြစ်ပြီး ဒီအလုပ်ကို သမ္မတဆက်လက်လုပ်ဆောင်သွားဖို့ အားရှိစေပါတယ်” ဟု တရားရေးရာအတွင်းရေးမှူး ဗီတက်လီရန်နိုအဂွေရီက ဆုတောင်းချီတက်ခဲ့သည့်လူအုပ်ကြီးကို ပြောကြားခဲ့ပြီး ဖယောင်းတိုင်မီးထွန်းညှိခဲ့ကာ ဘာသာရေးသီချင်းများကိုသီဆိုခဲ့သည်။

အသက်၇၁နှစ်အရွယ်ရှိဒူတာတေးသည် စနေ၊ တနင်္ဂနွေပိတ်ရက်၌ တောင်ပိုင်းရှိ သူ၏မွေးရပ်မြေမြို့တော် ဒါဗိုဝ် တွင် အနားယူနေသည်။ သူသည် ပြီးခဲ့သောနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်းရှိ မူးယစ်ဆေးဝါးများကို အမြစ်ဖြတ်ချေမှုန်းမည်ဟု မဲဆွယ်စည်းရုံးခဲ့ပြီးနောက်တွင် လူပေါင်းထောင်သောင်းချီ၍ သတ်ဖြတ်ခဲ့သည်။

သူသည် ပြီးခဲ့သောဇွန်လတွင် ရာထူးလက်ခံယူခဲ့ပြီးနောက် ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ရဲအစီရင်ခံစာအရ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သံသယရှိသူ ၂၅၅၅ ဦး အသတ်ခံခဲ့ရပြီး မဖြေရှင်းနိုင်သော အခြေအနေများဖြင့် လူပေါင်း ၄၀၀၀ခန့် သေဆုံးခဲ့သည်ဟုသိရသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required