ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲတွင် အဓိကဆုများ သိမ်းကြံုးယူနိုင်ခဲ့သော ဒေးဗစ်ဘို၀ီ

ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲတွင် အဓိကဆုများ သိမ်းကြံုးယူနိုင်ခဲ့သော ဒေးဗစ်ဘို၀ီ

၃၇ကြိမ်မြောက် ဗြိတိန်ပေါ့ပ်ဂီတဆုပေးပွဲကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ပြီး ဆုများအတွက်လျာထားခံရ သောအနုပညာရှင်များစွာရှိခဲ့သော်လည် းအဓိကဆုကြီးများကို ကွယ်လွန်သူပေါ့ပ်အဆိုတော်   ဒေးဗစ်ဘိုဝီကသိမ်း ကြုံးရယူနိုင်ခဲ့သည်။

ပြီးခဲ့သော နှစ်ဇန်နဝါရီလတွင် ကွယ်လွန်ခဲ့သော ဒေးဗစ်ဘိုဝီသည် အကောင်းဆုံးဗြိတိန်အမျိုးသားအဆိုရှင်ဆုနှင့် အကောင်းဆုံး ဗြိတိန်တေးအယ်လ်ဘမ်ဆုတို့ကို သူ၏ Blackstar အယ်လ်ဘမ်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။

အကောင်းဆုံးအမျိုးသမီး တစ်ကိုယ်တော်အဆိုရှင်ဆုကိုတော့ အမ်မလီဆန်ဒီက အယ်လီဂေါ့လ်ဒင်းကိုကျော် ဖြတ်ကာဆွတ်ခူးနိုင်ခဲ့သည်။

ဗြိတိန်ပေါ့ပ်ဂီတ ဆုပေးပွဲ၌ ဆုများဆွတ်ခူးခဲ့သော အခြားနာမည်ကျော် အဆိုရှင်များမှာ ကမ္ဘာတစ်ဝန်းအောင်မြင်မှု အရဆုံး အဆိုတော်အဖြစ် ရွေးချယ်ခံခဲ့ရသော အဒဲလ်နှင့် အကောင်းဆုံး နိုင်ငံတကာ အမျိုးသမီးတစ်ကိုယ်တော်ဆု ကိုဆွတ်ခူးနိုင်ခဲ့သော ဘီယွန်းဆေးတို့ဖြစ်ကြသည်။

ဒါ့အပြင် အကောင်းဆုံး နိုင်ငံတကာအမျိုးသား တစ်ကိုယ်တော်ဆုကို ဒရိတ်ခ်က ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံး ဗြိတိန်သီချင်းဆုကို Little Mix အဖွဲ့မှ Shout out To My Ex သီချင်းဖြင့်ဆွတ်ခူးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly