နိုင်ငံတကာဘောလုံးပွဲများတွင် နိုင်ပွဲပျောက်ဆုံးမှု အကြာရှည်ဆုံးဖြစ်နေသည့် အန်ဒိုရာအသင်း နိုင်ပွဲရရှိ

နိုင်ငံတကာဘောလုံးပွဲများတွင် နိုင်ပွဲပျောက်ဆုံးမှု အကြာရှည်ဆုံးဖြစ်နေသည့် အန်ဒိုရာအသင်း နိုင်ပွဲရရှိ

ဖေဖော်ဝါရီ ၂၃ ။              ။ နိုင်ငံတကာဘောလုံးပွဲများတွင် နိုင်ပွဲပျောက်ဆုံးမှု အကြာရှည်ဆုံးဖြစ်နေသည့် အန်ဒိုရာအသင်းသည် ဆမ်မာရီနိုအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲစဉ်တွင် ဝ-၂ ဂိုးဖြင့်အနိုင်ရရှိသွားခဲ့သည်။

ကမ္ဘာ့အဆင့် ၂၀၃ တွင် ရပ်တည်နေသည့် အန်ဒိုရာအသင်းသည် နိုင်ငံတကာဘောလုံးလောကတွင် အနိုင်မရသည်မှာ ၂၀၀၄ ခုနှစ်ကတည်းကဖြစ်ပြီး ၈၆ ပွဲဆက်တိုက်ရှိသွားပြီဖြစ်သည်။ ယခုနိုင်ပွဲသည် ၎င်းတို့နိုင်ငံအတွက် သမိုင်းတစ်လျှောက် စတုတ္ထမြောက် နိုင်ပွဲလည်း ဖြစ်သည်။

အန်ဒိုရာအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် လီမာက သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် ခရစ္စတီယန်မာတီနက်ဇ်က သွင်းယူပေးခဲ့သည်။ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့် လီမာက ‘ဒီပွဲက စင်ဒရဲလား ဒါဘီပွဲစဉ်ပါ။ ဒီပွဲမှာ အနိုင်ရရှိတာက ဖလားပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲရသလိုပါပဲ’ ဟု ပြောဆိုခဲ့သည်။

ဆမ်မာရီနိုအသင်းမှာ အန်ဒိုရာ၏အထက် ကမ္ဘာ့ဆင့် ၂၀၂ တွင် ရပ်တည်နေသည့်အသင်းဖြစ်ပြီး ၎င်းတို့သည်လည်း ၁၉၈၈ ခုနှစ်မှစတင်ကစားခဲ့သော ၁၃၈ ပွဲတွင် ၁၃၄ ပွဲအထိရှုံးနိမ့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required