အနိုင်ရရန် လိုအပ်သည်ဟု မန်ယူကစားသမားများ နားလည်သဘောပေါက်ရန် လိုကြောင်း မော်ရင်ဟိုပြော

အနိုင်ရရန် လိုအပ်သည်ဟု မန်ယူကစားသမားများ နားလည်သဘောပေါက်ရန် လိုကြောင်း မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၄၊ မန်ချက်စတာ။          ။ မန်ချက်စတာယူနိုက်တက် အသင်းသားများအနေဖြင့် အနိုင်ရလဒ်၏အရေးပါမှုကို သိနားလည်ရန်လိုအပ်သည်ဟု နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

ယူနိုက်တက်သည် ပရီးမီးယားလိဂ် ၁၄ ပွဲဆက်ရှုံးပွဲမရှိသေးသော်လည်း နောက်ဆုံးသုံးပွဲဆက် သရေကျထားပြီး ပထမရာသီဝက် ကာလ နိုဝင်ဘာ ၆ ကတည်းက အမှတ်ပေးဇယားအဆင့် ၆ တွင်ရပ်တည်နေသည်။

“နိုင်ပွဲရဖို့အတွက်ကစားရတာ၊ အနိုင်ကစားဖို့အတွက်တာဝန်ရှိတာ၊ အနိုင်ရလဒ်အတွက်ဖိအားကို ဖြေရှင်းနိုင်စွမ်းရှိရတာတွေက သဘာဝအလေ့အထပဲဆိုတာကို သိရပါမယ်။ တစ်ချို့ကစားသမားတွေမှာတော့ အဲဒီလိုမရှိဘူး”ဟု မော်ရင်ဟိုက ပြောသည်။

ယူနိုက်တက်အသင်းပွဲထွက်လူစာရင်းတွင် ကစားသမားခြောက်ဦးမှာ အမှတ်ပေးဖလား၊ အခြားအဓိကဖလားတို့ကို ရရှိဖူးသူများ မဟုတ်ဘဲ ယင်းကစားသမားများမှာ လုခ်ရှော၊ ဒါမီယန်၊ လင်ဂတ်၊ ဟာရဲရား၊ မာရှယ်နှင့် ရက်ရှ်ဖို့ဒ်တို့ဖြစ်သည်။

ကစားသမားများ၏အမည်အတိအကျကိုမော်ရင်ဟိုကထုတ်ပြောခြင်းမရှိသော်လည်း အချို့ကစားသမားများအနေဖြင့် တာဝန်ကျေရုံသာ သက်သက်သာသာကစားနေခြင်းမှ ရုန်းထွက်ရန်အချိန်ကျပြီဟု လက်စတာနှင့်ပွဲမတိုင်မီပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required