ဒုံးကျည်စမ်းသပ်ခဲ့သော်လည်း နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း အီရန် ပြော

ဒုံးကျည်စမ်းသပ်ခဲ့သော်လည်း နျူကလီးယား သဘောတူညီချက်ကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း အီရန် ပြော

ဖေဖော်ဝါရီ ၁ ။             ။ ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုလုပ်ဆောင်ခဲ့သည်ဆိုခြင်းမှာ မှန်ကန်ကြောင်း အီရန်က ဖေဖော်ဝါရီ ၁ ရက်တွင် အတည်ပြုထုတ်ပြန်သွားသော်လည်း ယင်းလုပ်ရပ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အကြား ရယူထားသော နျူသဘောတူညီချက်ကို ချိုးဖောက်ရာ မရောက်ကြောင်း ငြင်းဆိုပြောကြားသွားသည်။

" ဒီစမ်းသပ်ပစ်လွှတ်မှုက ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ဖို့ အတွက် သက်သက်ပဲ လုပ်တာပါ၊ ၂၀၁၅ နျူသဘောတူညီချက်နဲ့ ဆန့်ကျင်ပြီး လုပ်တာမဟုတ်ပါဘူး" ဟု အီရန် ကာကွယ်ရေးဝန်ကြီး ဟူစိန်ဒက်ဟန်က ပြောသည်။

" ဒါက ကျွန်တော်တို့ လုပ်နေတဲ့ အစီအစဉ်တွေနဲ့အညီပဲ လုပ်တာပါ၊ အရင်ကလဲ ပြောထားဖူးပါတယ်၊ ကျွန်တေ်ာတို့ရဲ့ အမျိုးသားအကျိူးစီးပွားကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးစွမ်းရည်မြှင့်မယ့် အစီအစဉ်တွေ လုပ်မယ်လို့ ပြောထားပြီးသားပါ၊ ဒါကို ဘယ်သူကမှ ဝင်စွက်လို့ မရပါဘူး" ဟု ၎င်းက ပြောသည်။

တစ်ဆက်တည်းမှာပင် အမေရိကန်တို့အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ တင်းမာမှုများ မဖန်တီးရန် တီဟီရန်က သတိပေးပြောကြားသွားခဲ့သေးသည်။

ဝါရှင်တန်၏ တောင်းဆိုမှုနှင့်အတူ အီရန်၏ ယခုဒုံးကျည်စမ်းသပ်မှုအပေါ် လုံခြုံရေးကောင်စီ အရေးပေါ် ဆွေးနွေးမှုများ မတိုင်မီ ယခုကဲ့သို့ အီရန်ဘက်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required