Wonder Girls ဂီတအဖွဲ့ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့

Wonder Girls ဂီတအဖွဲ့ ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့

နာမည်ကျော်ဂီတအဖွဲ့ Wonder Girls ကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

အဖွဲ့ဝင်များ၏ စာချုပ်သက်တမ်းများ ကုန်ဆုံးတော့မည်ဆိုသော သတင်းများကြောင့် အဖွဲ့ကိုဖျက်သိမ်းတော့မည် ဆိုသော ထင်မြင်ချက်များ ကျယ်ပြန့်စွာ ပြန့်နှံ့ခဲ့အပြီးတွင် JYP Entertainment မှအဆိုပါ သတင်းကို ယနေ့ ဇန်နဝါရီ ၂၆ရက်နေ့၌ အတည်ပြုခဲ့ပါသည်။

JYP Entertainment ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် “ မင်္ဂလာပါ။ကျနော်တို့ JYP Entertainment မှသတင်း စကားပြောကြားလိုပါတယ်။ဆယ်နှစ်ကြာခဲ့ပြီးနောက် ကျနော်တို့ Wonder Girls အဖွဲ့ကိုဖျက်သိမ်းတော့မှာဖြစ် ကြောင်းကြေညာချက်ထုတ်ပြန်ပါတယ်။ ကျနော်တို့အေဂျင်စီနဲ့အဖွဲ့ဝင်တွေကြားဆွေးနွေးညှိုနှိုင်းမှုအပြီးမှာ  ယခုလို ဆုံးဖြတ်ချက်ချခဲ့ရခြင်းပါတယ်။ Wonder Girls မှ Yubin နှင့် Hyerim တို့ဟာ JYP Entertainment မှ နှုတ်ထွက်ခဲ့ကြပါတယ်။

ပြီးတော့သူတို့ဟာ အခြားအစီအစဉ်တွေနဲ့ ဂီတ၊သရုပ်ဆောင်၊အစီအစဉ်မှူးစတာတွေ ကိုဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ပြီးတော့ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ Yeeun နဲ့ Sunmi တို့ဟာ စဉ်းစားချင့်ချိန်မှုပြုလုပ်ခဲ့အပြီးမှာ JYP Entertainment မှထွက်ခွာဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Wonder Girls အဖွဲ့ အပေါ်မှာဆယ်နှစ်ကျော်ကြာသစ္စာရှိရှိအားပေးခဲ့ကြသော ပရိတ်သတ်များအားလုံးကို   ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီအဖွဲ့ဟာ နောက်ဆုံးအနေနဲ့ သူတို့ရဲ့ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖေဖေါ်ဝါရီ ၁၀ရက်နေ့မှာ သူတို့ရဲ့နောက်ဆုံးသီချင်းတစ်ပုဒ်ကို ထုတ်လွှင့်သွားမှာ   ဖြစ်ပါတယ်” ဟု ထုတ်ပြန်ရေးသားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required