ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာ၄၀.၂သန်းဖြင့် ယခုအပတ်အမေရိကန် Box Office ကိုလွှမ်းမိုးထားသည့် Split

ပွဲဦးထွက်ရုံဝင်ငွေ ဒေါ်လာ၄၀.၂သန်းဖြင့် ယခုအပတ်အမေရိကန် Box Office ကိုလွှမ်းမိုးထားသည့် Split

ပြီးခဲ့သောစနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ရုပ်ရှင်ဇာတ်ကားအသစ်များ ထွက်ရှိလာခဲ့ပြီး ထိုထဲကမှ အမ်နိုက်ရှာမာလန် ရိုက်ကူးထားသည့် သည်းထိတ်ရင်ဖိုဇာတ်ကား Split သည် ပွဲဦးထွက်ပြသခြင်း အပတ်မှာ ရုံဝင်ငွေ၄၀.၂သန်းရရှိခဲ့ပြီး အမေရိကန် Box Office ဇယားကိုဦးဆောင်နေပါသည်။

Split ဇာတ်ကားတွင် မင်းသားဂျိမ်းစ်မက်ကဗွိုင်းက ကွဲပြားသောစရိုက်၂၄မျိုးရှိသည့် စိတ္တဇဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး အမျိုးသမီးငယ်လေးသုံးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းကို ရိုက်ကူးထားတာဖြစ်ကာ ဝေဖန်ရေးဆရာများက မက်ကဗွိုင်း၏ သရုပ်ဆောင်ချက်အား ချီးမွမ်းခဲ့ကြသည်။

အဆိုပါ ရုပ်ရှင်သည်ကုန်ကျငွေ ဒေါ်လာ၁၀သန်းခန့်သာရှိခဲ့သော်လည်း ပွဲဦးထွက်မှာပင် ရုံဝင်ငွေအများအပြား ရရှိခဲ့သောကြောင့် ရှာမာလန်ရိုက်ကူးခဲ့သော နာမည်ကြီးဇာတ်ကားများ၏ ပွဲဦးထွက် ရုံဝင်ငွေစာရင်းတွင်နံပါတ် လေးနေရာမှာရပ်တည်နေပါသည်။

ဇတ်ကားသစ်များထဲမှ နောက်တစ်ကားဖြစ်သော "xXx: Return of Xander Cage" ဇာတ်ကားဟာလည်း အမေရိကန်၌ ပွဲဦးထွက်ရုံဝင်ငွေဒေါ်လာသန်း၂၀ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရုံဝင်ငွေ သန်း၇၀ရရှိခဲ့ကာ ဇယား၌ဒုတိယ နေရာမှ ရပ်တည်နေပါသည်။ Xander Cage ဇာတ်ကားတွင် နာမည်ကျော်အများအပြား ပါဝင်ကာ ဗန်ဒိုင်ဇယ်လ်၊ ဆင်မြူရယ်အယ်လ်ဂျက်ဆင်၊ ဒိုနီယန်း၊ ဒီပီကာပါဒူကိုနေး၊ ရူဘီရို့စ်၊ ခရစ္စဝူနှင့် နီနာဒိုဘရဗ် တို့ပါဝင်အားဖြည့်ထား ကြသည်။

အမေရိကန် Box office ဇယား၏ ထိပ်ဆုံးငါးနေရာအတွင်းရှိ အခြားဇာတ်ကားများကတော့ Hidden Figures၊ Sing  နှင့် La La Land ဇာတ်ကားတို့ဖြစ်ပြီး အစဉ်အတိုင်းရပ်တည်နေကြသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags