စစ်ကိုင်းတိုင်းအတွင်း သစ်ခိုးထုတ်သူ ၈၀၀ ကျော် ဖမ်းဆီးထား

စစ်ကိုင်းတိုင်းအတွင်း သစ်ခိုးထုတ်သူ ၈၀၀ ကျော် ဖမ်းဆီးထား

မုံရွာ၊ ဇန်နဝါရီ ၂၀။        ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင် သစ်ခိုးထုတ်ယူသူ ၈၀၀ ကျော်အား ဖမ်းဆီးအရေးယူထားကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလထိ ဖမ်းဆီးရမိမှုများတွင် သစ်တန်ချိန် ၇၀၀၀ ကျော်နှင့် သစ်ခိုးထုတ်ယူသူ ၈၀၀ ကျော်တို့အား ဖမ်းဆီးရမိခဲ့ခြင်ဖြစ်သည်။

"၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဒီဇင်ဘာထိ ဖမ်းဆီးရမိမှုမှာ သစ်တန်ချိန် နဲ့ သစ်ခိုးထုတ်သူ ၈၂၅ ဦးကိုဖမ်းဆီးရမိထားပါတယ်။ ဆက်စပ်ပစ္စည်းတွေအနေနဲ့ ကား၊ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်လှေ၊တို့ကိုပါ ဖမ်းမိထားပါတယ်" ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်းက ပြောသည်။

ထို့ပြင် ကား ၃၀၂ စီး၊ ထော်လာဂျီ ၂၅ စီး၊ ဆိုင်ကယ် ၂၉ စီး၊ စက်လှေ ၂၈ စီး၊ ဆင် ၂ ကောင်၊ တူမီးသေနတ် ၅ လက်၊ တို့ကိုပါ ဆက်စပ်ပစ္စည်းအဖြစ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ဖမ်းဆီးရမိမှုများနှင့် နှိုင်းယှဉ်ပါက တရားခံပိုမိုဖမ်းဆီးရမိခဲ့ပြီး ယမန်နှစ်ကာလတူက တရားခံ ၅၁၃ ဦးသာ ဖမ်းဆီးရမိခဲ့သည

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required