လွန်ခဲ့သော၂၃နှစ်အကြာက ပရိသတ်တစ်ဦးရဲ့ပေးစာကို ယခုမှ အကြောင်းပြန်သည့် ကိတ်မော့စ်

လွန်ခဲ့သော၂၃နှစ်အကြာက ပရိသတ်တစ်ဦးရဲ့ပေးစာကို ယခုမှ အကြောင်းပြန်သည့် ကိတ်မော့စ်

နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သည့် ကိတ်မော့စ်ဟာ သူမရဲ့မော်ဒယ် သက်တမ်းတစ်လျှောက်၌ ပရိသတ်ဆီမှ ပေးစာအများအပြား ရရှိခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအကြာမှ ပရိတ်တစ်ဦးမှရဲ့   ပေးစာကို ယခုအချိန်မှ ဖွင့်ဖတ်နိုင်ပုံ ရပါသည်။

ကိတ်မော့စ်ဟာ သူမရဲ့အင်စတာဂရမ်ပေါ်၌ ၁၉၉၄ခုနှစ်တုန်းက ပေးပို့ခဲ့သော ဖီအိုနာလို့ခေါ်တဲ့ ပရိသတ်ဆီမှ ပေးစာအား ဓာတ်ပုံရိုက်တင်ခဲ့ပါသည်။ ထိုစာထဲတွင် ဖီအိုနာက ကိတ်မော့စ်အား အဓိကမေးခွန်းနှစ်ကို မေးခဲ့သည်။ ထိုမေးခွန်းတွေကတော့ သူမမော်ဒယ်လောကထဲသို့ မည်သို့ရောက်ရှိလာပုံနှင့် သူမနှင့်မင်းသားဂျော်နီဒပ်တို့ တကယ်ပဲ တွဲခုတ်နေကြသလား ဆိုတာပဲဖြစ်သည်။ အကယ်၍ သူမနှင့်ဂျောနီဒပ်တို့ အမှန်တကယ်တွဲနေ ကြပါက သူတို့နှစ်ဦးရဲ့လက်မှတ်ကိုပါ လိုချင်ကြောင်း ရေးသားပေးပို့ခဲ့ပါသည်။

ကံမကောင်းစွာနဲ့ပဲ ကိတ်မော့စ်ဟာ သူမရဲ့မော်ဒယ်လုပ်ငန်းများနှင့်တကွ မင်းသားဂျောနီဒပ်နှင့်တွဲနေသောကြောင့် အလုပ်ရှုပ်နေရသလိုဖြစ်ပြီး ဖီအိုနာရဲ့ပေးစာအား စာပြန်ဖို့ မတတ်နိုင်ပဲဖြစ်ခဲ့ရသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ ကိတ်မော့စ်ဟာ ကျေရာကျေကြောင်းအဖြစ် ဖီအိုနာရဲ့ပေးစာအားသူမရဲ့အင်စတာဂရမ် တွင်ဖော်ပြခဲ့ရုံသာမက သူမကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာအုပ်တစ်အုပ်ကို ဖီအိုနာအား လက်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags