အမေရိကန် မင်းသမီးကြီး Carrie Fisher ရုတ်တရက်နှလုံးအမောဖောက်၍ အရေးပေါ်ဆေးကုသမှု ခံယူနေရ

အမေရိကန် မင်းသမီးကြီး Carrie Fisher ရုတ်တရက်နှလုံးအမောဖောက်၍ အရေးပေါ်ဆေးကုသမှု ခံယူနေရ

ဒီဇင်ဘာ ၂၄ ။                 ။ Star Wars ဇာတ်ကားများတွင် မင်းသမီး Leia အဖြစ် ပါ၀င်သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သော အမေရိကန် ရုပ်ရှင်မင်းသမီးနှင့် စာရေးဆရာမ Carrie Fisher   လေကြောင်းခရီးသွားရင်း ရုတ်တရက် နှလုံးအမောဖောက်လာ၍ အရေးပေါ်ကုသမှုခံယူနေရကြောင်းနှင့် အခြေအနေမှာ စိုးရိမ်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၆၀ ရှိပြီဖြစ်သော မင်းသမီးကြီး Fisher မှာ လန်ဒန်မှ လော့စ်အိန်ဂျလိစ်သို့ လေယာဉ်ဖြင့် သွားလာရင်း လေယာဉ်ပေါ်တွင်ပင် ရုတ်တရက်အမောဖောက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ခရီးသည်များက သူမကိုအရေးပေါ်ပြုစုမှုများလုပ်ဆောင်ပေးခဲ့ပြီးနောက် လေယာဉ်ဆင်းသက်ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားခဲ့ရကြောင်းလည်း သိရသည်။

ယခုအခါ သူမဟာ လော့စ်အိန်ဂျလိစ်မြို့မှ ဆေးရုံတစ်ရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် ရောက်ရှိနေသည်ဟုလည်း သူမ၏ဆွေမျိုးတစ်ဦးက ပြောသည်။

" ခုဆိုရင် သူပြန်ကောင်းလာဖို့ အားလုံးက ၀ိုင်းဆုတောင်းပေးရုံပဲတတ်နိုင်ပါတော့တယ်၊ အခြေအနေမသိရသေးပါဘူး၊ ဆရာဝန်တွေလည်း အကောင်းဆုံးလုပ်နေကြပါတယ်၊ သူအမြန်ဆုံးသက်သာလာဖို့ မျှော်လင့်ပါတယ်" ဟု သူမ၏ အကိုဖြစ်သူ Todd က ပြောသည်။

လက်ရှိထွက်ပေါ်နေသော သတင်းများအရ သူမ၏ အခြေအနေမှာ ကောင်းမွန်ခြင်းမရှိလှကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required