၀ယ်လင်တန်။ ။ လွန်ခဲ့သောအပတ်က ရုတ်တရက် ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်သွားသော မစ္စတာJohn Key ၏ နေရာအားဆက်ခံရန် လက်ထောက်ဝန်ကြီးချုပ် မစ္စတာ Bill English အား နိုင်ငံ၏ ၀န်ကြီးချုပ်အသစ်အဖြစ် ဒီဇင်ဘာ၁၂ရက် တနင်္လာနေ့မှာ နယူးဇီလန်နိုင်ငံ၏ အာဏာရ အမျိုးသားပါတီက ခန့်အပ်ခဲ့ပါသည်။
အမျိုးသားပါတီဗဟိုမှ အဆိုပါ ဆုံးဖြတ်ချက်ကို တနင်္လာနေ့မနက် အစောပိုင်းတုန်းက အတည်ပြုခဲ့ပြီး မစ္စတာ English ဟာ ၀ယ်လင်တန်မှ အစိုးရအိမ်တော်မှာ ကျန်းသစ္စာကျိန်ဆိုခဲ့ကာ မစ္စတာ Paula Bennett ကိုလည်း လက်ထောက်ဝန်ကြီးချုပ်ရာထူးပေးအပ်ကြောင်း အတည်ပြုခဲ့ပါသည်။
“Bill နဲ့ Paula တို့ဟာ ကောင်းမွန်သောအတွေ့အကြံုပေါင်းစုံနဲ့ သစ်လွင်သောအတွေးအခေါ်တွေ ရှိသော စံပြ ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါတယ်” လို့ ပါတီဥက္ကဌ Peter Goodfellow ကပြောခဲ့ပါသည်။
ဆက်လက်ပြီး “သူတို့ရဲ့ခေါင်းဆောင်မှုအောက်မှာ နယူးဇီလန်နိုင်ငံသားတွေဟာ သူတို့မျှော်လင့်ထားတဲ့ မိသားစုများနဲ့ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သော အကျိုးရလာဒ်များကိုသာ ဦးတည်လုပ်ဆောင် မည့်တည်ငြိမ်သောအစိုးရတစ်ရပ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း” ဆက်လက်ပြောကြားခဲ့ပါသည်။
အသက် ၅၄နှစ်အရွယ်ရှိ မစ္စတာ English ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နယူး ဇီလန်နိုင်ငံရဲ့အသုံးစရိတ်ကို အကျိုးအမြတ်များရရှိစေခဲ့တဲ့အတွက် ၀န်ကြီးချုပ်ရာထူးကို ဆက်ခံရန် ဦးစားပေး ခံရတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါသည်။
လယ်သမားတစ်ဦးဖြစ်ခဲ့သူ မစ္စတာ English ဟာ ကုန်သွယ်ရေး၊ ဂန္တဝင်စာပေတို့နှင့် ပတ်သက်၍ ဘွဲ့ရခဲ့ပြီး ၁၉၉၀ ခုနှစ်ကတည်းက ပါလီမန်အတွင်းရောက်ရှိနေခဲ့ကာ ၂၀၀၂ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တုန်းကလည်း အမျိုးသားပါတီ ရဲ့ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။
အဆိုပါကြေညာချက်အပြီးမှာ ၀န်ကြီးချုပ်ဟောင်း မစ္စတာ Key က “ ကျနော့်ရဲ့သူငယ်ချင်းကောင်း မစ္စတာ Bill English နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်အဖြစ်တာဝန်ယူတော့မည့်အပေါ် ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်” လို့ တွစ်တာပေါ်တွင် ရေးသားခဲ့ပါသည်။
Ref: Channel News Asia