အာဆင်နယ်နောက်ခံလူ မူစတာဖီ သုံးပတ်ခန့်အနားယူရဖွယ်ရှိ

အာဆင်နယ်နောက်ခံလူ မူစတာဖီ သုံးပတ်ခန့်အနားယူရဖွယ်ရှိ

ဒီဇင်ဘာ ၁၁၊ လန်ဒန်။              ။ အာဆင်နယ်အသင်းက စတုခ်စီးတီးအသင်းကို ၃-၁ ဖြင့်အနိုင်ရသည့်ပွဲတွင် ဒူးကောက်ကြောဒဏ်ရာရခဲ့သည့် အာဆင်နယ် ဗဟိုနောက်ခံလူ မူစတာဖီသည် အနည်းဆုံးသုံးပတ်ခန့်အနားယူရဖွယ်ရှိနေသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဂျာမန်ကစားသမားသည် အမ်းမရိတ်စ်ကွင်းအတွင်း ပွဲချိန် ၂၅ မိနစ်တွင် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

“ဆိုးတဲ့ဒဏ်ရာတစ်ခုပဲ။ အနည်းဆုံး ၂၁ ရက်လောက်နားရမယ်”ဟု အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက မူစတာဖီ အနားယူရ မည့်ကာလကို ခန့်မှန်းပြောဆိုသည်။

အာဆင်နယ်အသင်းသည် ယင်းကာလအတွင်း သုံးပွဲကစားရမည်ဖြစ်ပြီး အင်္ဂါနေ့တွင် အဲဗာတန်နှင့်အဝေးကွင်း၊ ဒီဇင်ဘာ ၁၈ တွင် မန်စီးတီးနှင့် အဝေးကွင်း၊ ဘောက်ဆင်ဒေးတွင် ဝက်စ်ဘရွန်းနှင့် အိမ်ကွင်းပွဲစဉ်များဖြစ်သည်။

မူစတာဖီသည် သြဂုတ်တွင် ဗလင်စီယာမှ အာဆင်နယ်သို့ ပေါင် ၃၂ သန်းကျော်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required