အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှု လူ ၂၉ သေဆုံး၊ ၁၆၆ ဦး ဒဏ်ရာရဟု တူရကီ ပြည်ထဲရေးဝန်ကြီး ပြော

အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှု လူ ၂၉ သေဆုံး၊ ၁၆၆ ဦး ဒဏ်ရာရဟု တူရကီ ပြည်ထဲရေးဝန်ကြီး ပြော
(ဓာတ်ပုံ - ရိုက်တာ)

(Updated) တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ Besiktas အားကစားကွင်းအပြင်ဘက်မှာ ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုကြောင့် တနင်္ဂနွေနေ့မှာ သေဆုံးသူ ၃၈ ဦးထိရှိလာပြီး ဒဏ်ရာရသူ ၁၃၆ ဦး ရှိခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အစ္စတန်ဘူလ်မှာ စနေနေ့က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုများကြောင့် အနည်းဆုံး ၂၉ ဦး သေဆုံးပြီး ၁၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Suleyman Soylu က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

သေဆုံးသူ ၂၉ ဦးတွင် ၂၇ ဦးမှာ ရဲအရာရှိဝန်ထမ်းများပြီး ၂ ဦးမှာ အရပ်သားများတယ်လို့ Soylu က ပြောပါတယ်။

ပေါက်ကွဲမှုနှင့် ဆက်စပ်တဲ့ လူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဝန်ကြီးက ပြောဆိုထားပါတယ်။

အစ္စတန်ဘူလ်ရှိ Besiktas အားကစားကွင်းအပြင်ဘက် အဓိကရုဏ်း နှိမ်းနင်းရေး ရဲတပ်ဖွဲ့ရဲ့ ဗန်ကားအနီး  ည ရ နာရီ ၂၉ မိနစ် (GMT) အချိန်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

စက္ကန့်ပိုင်းအကြာမှာ အသေခံတိုက်ခိုက်သူတစ်ဦးက Macka ပန်းခြံအတွင်းရှိ ရဲတပ်ဖွဲ့ အုပ်စုထဲ ဝင်ရောက်ပြီး ကိုယ်တိုင် အသေခံ ဗုံးခွဲတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်း -

  1. အစ္စတန်ဘူလ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ
  2. အစ္စတန်ဘူလ်ရှိ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅ ဦး သေဆုံး

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required