အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (အပိုင်း ၁)

10 December 2016
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (အပိုင်း ၁)
 

မပျိုးလက်ဟန်

Rainfall Gender Studies Organization

မင်္ဂလာပါ။

ဒီကနေ့ ဆွေးနွေးမယ့် အကြောင်းအရာလေးကတော့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးခန်းလေးထဲမှာ ကျွန်မတို့ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာကတော့ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများတိုးတက်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဆရာမ နော်သဝါး   ဖြစ်ပါတယ်။   နောက်တစ်ယောက်ကတော့  ဝင်းဝင်း ဖောင်ဒေးရှင်းရဲ့ တည်ထောင်သူနဲ့ ဥက္ကဌ ဆရာမ ဒေါ်ကေသီဝင်းနှင့် အမျိုးသမီးများအဖွဲ့ ကွန်ရက်မှ စီမံကိန်းဆိုင်ရာ မန်နေဂျာ မမဥ္ဇူပဲ ဖြစ်ပါတယ်။

ဆရာမရေ ဆရာမနဲ့ မေးခွန်းလေး စလိုက်ရအောင်။ ကျွန်မတို့တွေက ခဏခဏ ကြားဖူးတယ်ပေါ့နော်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း ပေါ့နော် အဲဒါကို ကျွန်မတို့ ပြည်သူလူထုဆီကို သိစေချင်တယ်ပေါ့နော်။ ပြည်သူလူထုတွေ သိဖို့လိုတယ်။ အဲဒီစီမံကိန်းက ဘယ်လိုမျိုး ဖြစ်ပေါ်လာတာလဲ။ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့လည်း ဆရာမ နည်းနည်းလေး ရှင်းပြပေးပါဦးရှင့်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ဟုတ်ကဲ့ပါ။ ကျွန်မတို့ ၂၀၀၈ ခုနှစ်တုန်းကပေါ့ နာဂစ်မုန်တိုင်း ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီဖြစ်ပေါ်တဲ့အပေါ်မှာ ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက် လှူဒါန်းကြတယ်။ ကူညီကြတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကိုလည်း အမျိုးသမီးအဖွဲ့လေးတွေက လှုပ်ရှား ပါဝင်ကြပါတယ်။ ကျွန်မတို့ကိုယ်တိုင်ကလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပဲ ကျွန်မတို့ အဖွဲ့တွေကနေ ဒီအမျိုးသမီးတွေအတွက်တော့ ရေးသားမှုတွေ လိုအပ်တယ်ဆိုတဲ့ဟာကို တွေ့ရှိရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ ရေးသားတယ်။ ရေးသားဖို့ စီစဉ်ကြတယ်။ အဲဒါက တစ်ပိုင်းပေါ့။

နောက်တစ်ပိုင်းကကျတော့ ကျွန်မတို့ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် ၁၉၉၅ ခုနှစ်တုန်းက စတုတ္ထအကြိမ် အမျိုးသမီးညီလာခံ ကျင်းပခဲ့တယ်။ အဲဒီမှာ သွားပြီးတော့ တက်ရောက်ခဲ့တဲ့အခါမှာ ပေကျင်းရဲ့ ကြေညာစာတမ်းပေါ့နော် အဲဒီမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ကြေညာတဲ့အထဲမှာ မြန်မာနိုင်ငံအနေနဲ့ နေရှင်နယ် မဂ္ဂနက်ဆန် တစ်ခုရှိရမယ်။ ပြီးတော့ ဒီ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအတွက် Plan ရှိရမယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့က မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများကွန်ရက်ကို နေရှင်နယ် မဂ္ဂနက်ဆန်အဖြစ်နဲ့ ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ နာဂစ်ရဲ့ အတွေ့အကြံု အခြေခံတာရယ် ဒီညီလာခံရဲ့ လမး်ညွှန်ချက်တွေနဲ့ အဲဒါနဲ့ ကျွန်မတို့ ရေးဆွဲဖြစ်ခဲ့ပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့။ စီမံကိန်းမှာလည်း ကဏ္ဍလေးတွေလည်း ပါတယ်လို့ သိရပါတယ်။ ဘယ်လိုကဏ္ဍတွေ ပါလဲမသိဘူးရှင့်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ဟုတ်ကဲ့။ ကဏ္ဍကြီး ၁၂ ရပ်ပေါ့နော်။ အဲဒီမှာတော့ အမျိုးသမီး အသက်မွေးဝမ်းကြောင်းမှုနဲ့ သင်ကြားမှုဆိုပြီးတော့ ကဏ္ဍတစ်ခုပါတယ်။ နောက်တစ်ခု ကျန်းမာရေး၊ အမျိုးသမီးနဲ့ စီးပွားရေး၊ အမျိုးးသမီးနဲ့ အကြမ်းဖက်မှု၊ နောက် အရေးပေါ်အခြေအနေ၊ နောက် အမျိုးသမီးနဲ့ သဘာဝအခြေအနေ၊ နောက် အမျိုးသမီးနဲ့ နေရှင်နယ် မဂ္ဂနက်ဆန်ပေါ့။ အမျိုးသမီးနဲ့ လူ့အခွင့်အရေးပါတယ်။ နောက်ပြီးတော့ အမျိုးသမီးငယ်ရွယ်များဆိုပြီးတော့ ကျွန်မတို့ ကဏ္ဍ ၁၂ ရပ် ရေးဆွဲထားပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ကျေးဇူးတင်ပါတယ်ဆရာမ။ ခုနကတုန်းကလည်း ဆရာမ နော်သဝါး ပြောသွားတဲ့အထဲမှာလည်း ပါတယ်ပေါ့နော်။ အစိုးရကိုယ်တိုင်က အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်နေတဲ့ ကဏ္ဍ ၁၂ ရပ်ရှိတယ်ပေါ့။ အန်တီကိုယ်တိုင်ကရော ဝင်းဝင်းဆိုတဲ့ ဖောင်ဒေးရှင်းနဲ့ တကယ် ရပ်ထဲရွာထဲ ဟိုး ချောင်ကြိုချောင်ကြားကြားထဲသွားပြီးတော့ အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်ဆိုတော့ ကျွန်မတို့က Win-Win ဆိုတဲ့ အဖွဲ့လေးကိုလည်း ပြည်သူတွေကို မိတ်ဆက်ပေးချင်တယ်ပေါ့နော်။ ဘယ်လိုမျိုးပေါ်လာတာလဲ။ အဖွဲ့က ဘာတွေလုပ်ဆောင်နေတာလဲရှင့်။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

ဝင်းဝင်းဆိုတာက ၂၀၀၉ ခုနှစ်ပေါ့ နာဂစ်အပြီးမှာ လိုအပ်တဲ့ အမျိုးသမီးတွေကို ကူညီဖို့ဆိုပြီးတော သာမာန်ဆေးခန်းလေးတစ်ခုအနေနဲ့ အန်တီတို့ စတင်ပြီးတော့ ထူထောင်ခဲ့တာပေါ့။ ဒါပေမယ့် လုပ်ရင်းလုပ်ရင်းနဲ့ အမျိုးသမီးကဏ္ဍတွေမှာ General Equality လည်းမရှိ Right လည်းမသိ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာလည်း မသိနဲ့ အလှမ်းဝေးတာတွေ တွေ့ရတဲ့အခါကျတော့ Win-Win Organization ဆိုပြီးတော့ အမျိုးသမီးတွေကို Focus ထားပြီးတော့ လုပ်ဖြစ်သွားတာပါ။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့။ ဘယ်ဒေသတွေကများ စတင်ခဲ့လဲမသိဘူးရှင့်။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

စစချင်း စတာကတော့ ရန်ကုန်ပေါ့။ ရန်ကုန် မင်္ဂလာဒုံမှာ စလုပ်ဖြစ်တယ်။ လက်ရှိမှာတော့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ကို အဓိကထားတယ်။ နောက် မွန်ပြည်နယ်ပေါ့။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဒါကတော့ အဓိက အန်တီတို့သွားနေတဲ့ နေရာတွေပေါ့နော်။ ဟုတ်ကဲ့။ အန်တီတို့အဖွဲ့ကို စေတနာ့ဝန်ထမ်းတွေနဲ့ပဲ ဖွဲ့စည်းထားတယ်လို့ သိရတယ်။ စေတနာ့ဝန်ထမ်းမှာ ဘယ်သူတွေများ ပါဝင်လဲမသိဘူး။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

အန်တီတို့အဖွဲ့မှာတော့ အန်တီရယ် နောက်ထပ် လေးယောက်ရှိပါတယ်။ အန်တီအတွင်းရေးမှူး ဒေါ်ထားထားအေးရယ် ဒုဥက္ကဋ္ဌ ဒေါ်မေဦးသာရယ် နောက် ဘဏ္ဍာရေးမှူး ဒေါ်အေးအေးစံရယ် ဆိုပြီးတော့ လေးယောက်ပေါ့ အဲဒီလေးယောက်ကစပြီးတော့ လုပ်တာပါ။ အဲဒီလူတွေအကုန်လုံးကတော့ စေတနာ့ဝန်ထမ်းတွေပါပဲ။ အလုပ်ထဲက ဝန်ထမ်းတစ်ယောက်မှမရှိပါဘူ။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဒါဆို ဆရာဝန်တွေချည်းပဲပေါ့။

ဒေါ်ကေသီဝင်း (ဥက္ကဋ္ဌ)

Win-Win Organization

ဟုတ်ကဲ့။ ဆရာဝန်တွေချည်းပါပဲ။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဟုတ်ကဲ့။ ညီမလေးရေ ညီမလေးကို အမ အရပ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ရှုထောင့်လေးကနေပြီးတော့ အမ မေးချင်ပါတယ်။ အဲဒါလေးမမေးခင်မှာ  WON အမျိုးသမီးအဖွဲ့များ ကွန်ရက်ကရော ဘယ်လို စတင်ပေါ်ပေါက်လာတာလဲ WON အနေနဲ့ကလည်း အမျိုးသမီးအားကိုရတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ဖြစ်တယ်လေ။ အဲဒီအဖွဲ့အနေနဲ့ ဘာတွေများ ဆောင်ရွက်နေတာရှိလဲဆိုတာကို ပြောပေးပါဦး။

မမဥ္ဇူ (စီမံကိန်းဆိုင်ရာ မန်နေဂျာ)

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)

WON ဆိုတာကတော့ အမျိုးသမီးများအဖွဲ့အစည်းကွန်ရက်ပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်မတို့ အမျိုးသမီးတွေ အမျီးသမီးအတွက် အဓိကထားပြီးတော့ လုပ်နေတယ် အမျိုးသမီးတွေကိုပဲ အဓိက ဦးဆောင်ပြီးတော့ လုပ်နေတဲ့ အဖွဲ့တွေအားလုံး ချိတ်ဆက်ပြီးတော့ လုပ်နေတဲ့ ကွန်ရက်ကြီးတစ်ခု ဖြစ်ပါတယ်။

ကျွန်မတို့ WON ဆိုတာက ဘယ်လို ဖြစ်တည်လာတာလဲဆိုရင် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်တယ်ပေါ့နော်။ အဲဒီအချိန်မှာ အဖွဲ့ရဲ့ ကိုးဖွဲ့ကနေပြီးတော့ နာဂစ် ပြန်လည်ထူထောင်ရေးမှာ ကူညီတာတွေ ရှိတယ်။ ပြန်လည်ကယ်ဆယ်ရေးတွေ လုပ်တာတွေရှိတယ်။ အဲလိုလုပ်တဲ့အတွက် တကယ်သွားတွေ့ရတာက အမျိုးသမီးတွေအတွက် တကယ်လိုအပ်ချက်တွေ အများကြီး ရှိနေတာကို တွေ့ရတယ်ပေါ့။ အဲဒီအတွက် ဒီအဖွဲ့ ကိုးဖွဲ့ကနေပြီးတော့ ငါတို့တော့ အမျိုးသမီးတွေအတွက် သီးသန့် အဖွဲ့ Network ကွန်ရက်ကြီး တည်ထောင်ချင်တယ် သူတို့တွေကတော့ ကိုယ်စီကိုယ်စီ သူတို့နယ်ပယ်တွေမှာ လုပ်နေပေမယ့်လည်း အမျိုးသမီးအတွက် သီးသန့်လုပ်နိုင်တဲ့ Network ကြီးကို ထောင်ချင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ပဲ ကျွန်မတို့ ဒီ အမျိုးသမီးများအဖွဲ့ ကွန်ရက် မြန်မာနိုင်ငံဆိုပြီးတော့ ကျွန်မတို့ တည်ထောင်ခဲ့ပါတယ်။

အဓိကကတော့ ကျွန်မတို့ အဖွဲ့အစည်း စတည်ထောင်တဲ့အချိန်မှာ ကိုးယောက်ကနေ စပြီးတော့တည်ထောင်ခဲ့ပြီးတော့ အန်တီ ဝင်းဝင်းဟာဆိုရင်လည်း ကျွန်မတို့ ရပ်တည်နေတဲ့   ဖောင်တာတစ်ဦး   ဖြစ်တယ်ပေါ့နော်။ အဲဒီကနေ ကျွန်မတို့ တက်လာတာ ဒီနှစ် ၂၀၁၆ ခုနှစ်မှာဆိုရင် ကျွန်မတို့ အမျိုးသမီးအဖွဲ့များ အမျိုးသမီးအဖွဲ့ပေါင်း ၃၈ ဖွဲ့ နောက်ပြီးတော ့အမျိုးသမီး Network ကွန်ရက် WON ရဲ့ ဧရိယာ ၆ ခုမှာ ကျွန်မတို့ ရှိထားပြီးဖြစ်ပါတယ်။ အခု တစ်နိုင်ငံလုံးမှာရှိနေတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အမျိုးသမီးတွေအတွက် လိုအပ်နေတဲ့ အခန်းကဏ္ဍမျိုးစုံကို ကျွန်မတို့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်နေတဲ့ ကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

အစိုးရနဲ့ရော ဘယ်လိုကဏ္ဍတွေများ ဥပမာ ဆရာမ နော်သဝါးတို့လိုမျိုး လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးဦးစီးဌာန စသဖြင့် အဲဒီအဖွဲ့တွေနဲ့ရော ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နေတာရှိလဲ။

မမဥ္ဇူ (စီမံကိန်းဆိုင်ရာ မန်နေဂျာ)

အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ)

ဆရာမ နော်သဝါးတို့လိုမျိုး လူမှုအဖွဲ့ အမျိုးသမီးကဏ္ဍတွေကို နက်ဘောပေါ့ အဓိက ကျွန်မတို့ ဧရိယာ ၁၂ ခုရှိတယ်ပေါ့နော်။ အဲဒီမှာဆိုလို့ရှိရင် ဆရာမတို့နဲ့ အဓိကချိတ်ဆက် အစိုးရအဖွဲ့တွေနဲ့ လုပ်နေတာကတော့ အမျိုးသမီးတွေ အကြမ်းဖက်မှုအတွက် ဥပဒေအသစ်တွေ ရေးဆွဲတဲ့နေရာမှာ ပါဝင်ကူညီခဲ့တယ်။ ဒါပေမယ့် WON တစ်ခုလုံးကြီး အကုန်လုံးပါတာဆိုတာထက် WON ထဲမှာရှိနေတဲ့ Member အဖွဲ့အစည်းတွေကနေပြီးတော့ Technical ပိုင်းဆိုင်ရာမှာရော ကျွန်မတို့ ပုံစံမျိုးစုံနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်။ နောက်တစ်ခု ကျွန်မတို့ Emergency Leave တွေဖြစ်လာပြီး သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်လာပြီဆိုလို့ရှိရင် ကျွန်မတို့ လူမှုအဖွဲ့တွေ လူကယ်ပြန်လို့ ခေါ်မှာပေါ့နော် လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးဆိုတဲ့ အဖွဲ့အစည်းနဲ့ အစိုးရဘက်နဲ့ ချိတ်ဆက်ပြီးတော့ ကျွန်မတို့တွေ ပြန်လည်ကယ်ဆယ်တဲ့နေရာတွေမှာလည်း လုပ်တယ်။ နောက် အမျိုးသမီးအတွက် အဓိက လိုအပ်နိုင်မယ်လို့ထင်တဲ့ အရာတွေကိုလည်း ကျွန်မတို့ လှူဒါန်းခြင်းတွေ ချိတ်ဆက်ပြီးတော့ လုပ်ပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ခုနကတုန်းက ပြောတဲ့ ဧရိယာ ၁၂ ခုပေါ့နော်။ အဲဒီ ၁၂ ခုဆိုတာလည်း ဘက်ဂျက်မရှိလို့ရှိရင် လုပ်လို့မရဘူးလေ။ အဲတော့ ဘက်ဂျက်အခြေအနေကရော ဘယ်လိုမျိုးပုံစံမျိုးနဲ့ ချထားတာမျိုးတွေ ရှိတယ် ဆိုတာကိုလည်း ဆရာမ ရှင်းပြပေးပါဦးရှင်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ကျွန်မတို့က ဒီ ဧရိယာ ၁၂ ခု အကောင်အထည်ဖော်ဖို့ဆိုပြီးတော့ သီးခြားဘတ်ဂျက်တော့ မရှိပါဘူး။ ဒါပေမယ့် ရေးဆွဲမယ့် မဟာဗျူဟာ စီမံကိန်းမှာတော့ နယ်ပယ်အလိုက် ဘတ််ဂျက်ချဖို့အတွက် ဘတ််ဂျက်ကို ဆောင်ရွက်ဖို့အတွက် တောင်းခံဖို့အတွက် ကျွန်မတို့ အဲဒါလေးတွေကိုတော့ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ကျွန်မတို့ အခုလက်ရှိမှာတော့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေမှာဆိုရင် ဥပမာ အမျိုးသမီး အသက်မွေးဝမး်ကြောင်းပြုမယ့် လေ့ကျင့်သင်ကြားမှုဆိုလို့ရှိရင် ကျွန်မတို့က အမျိုးသမီးတွေအတွက် သင်တန်းကျောင်းတွေက ရှိပြီးသား။ အစိုးရကလည်း လိုအပ်တယ်ထင်တဲ့နေရာတွေမှာ တိုးချဲ့နေတယ်။ ပြည်သူလူထုရဲ့ တောင်းဆိုမှုနဲ့ ထပ်ပြီးတော့ တိုးချဲ့ထားတာရှိပါတယ်။ အဲဒီနေရာတွေမှာတော့ ကိုယ့်ရဲ့ ဘတ််ဂျက်နဲ့ကိုယ်သွားတယ်။ တစ်ဝက်တစ်ဝက်ပေါ့။ သင်တန်းလာတက်တဲ့ ကလေးတွေကလည်း အခြေခံသင်တန်းဆိုလို့ရှိရင် ကျွန်မတို့က ၄၀၀၀ အဆင်မြင့်ဆိုရင် ၁၀၀၀၀ ပေါ့ အဲလိုမျိုးနဲ့ သူတို့လည်းပါရတယ် ကိုယ့်ဘက်ကလည်း ပံ့ပိုးတယ်ဆိုပြီးတော့ အဲလိုပုံစံနဲ့ ကျွန်မတို့ သွားပါတယ်။

မပျိုးလက်ဟန်

Rainfall Gender Studies Organization

ဒီစီမံကိန်းက ၂၀၁၃ ခုနှစ်ကနေ စတင်ပြီးတော့ အခုဆို ၂၀၁၆ ရှိပြီဆိုတော့ ဆယ်နှစ်စီမံကိန်းမှာတော့ ၃ နှစ်တော့ ပြီးသွားပြီပေါ့နော်။ ဒီသုံးနှစ်အတွင်းမှာရော ဘယ်လိုအခြေအနေတွေ တိုးတက်မှုရှိလဲ။ ဘာတွေ အခက်အခဲတွေရော ကြံုတွေ့ရလဲရှင့်။

နော်သဝါး (ညွှန်ကြားရေးမှူး)

လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ တိုးတက်ရေး ဌာနခွဲ

ဟုတ်ကဲ့။ ကျွန်မတို့ ဝန်ကြီးဌာနအနေနဲ့ရော အခု ပြန်ပြီးတော့ ဆက်စပ်ဝန်ကြီးဌာနတွေမှာလည်း ဒီ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ဧရိယာတွေပါတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် ကျွန်မတို့က ဝန်ကြီးဌာနတွေမှာ Focal ေတွကို ကျွန်မတို့ တောင်းခံပါတယ်။ တောင်းခံပြီးတော့ ဒီ Focal တွေနဲ့ စီမံကိန်းကြီး Main Stream သူတို့တွေရဲ့ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ အဲဒီလက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေထဲမှာ အမျိုးသမီးကဏ္ဍတွေကို ထည့်သွင်းစဉ်းစားဖို့အတွက် ကျွန်မတို့ တစ်ခါတည်း Focal တွေ တောင်းထားတယ်။ ရတယ်။ နောက်တစ်ခုကကျတော့ ကျွန်မတို့ စုစည်းပြီးတော့ အစည်းအဝေးတွေ တစ်နှစ်ကို နှစ်ကြိမ်လောက်တော့ တွေ့ဆုံဖြစ်ပါတယ်။ တွေ့ဆုံတဲ့အခါမှာ ကျွန်မတို့ ဘာတွေလုပ်နေကြတာလဲဆိုတဲ့ ဟာတွေ အစည်းအဝေးတွေ လုပ်တဲ့အခါမှာ ဥပမာ သမဝါယမ ဦးစီးဌာနဆိုလို့ရှိရင် အမျိုးသမီးတွေအတွက် သူတို့ ဆောင်ရွက်ပေးတဲ့ အချက်အလက်လေးတွေ ဥပမာ ကျေးလက်ဖွံ့ဖြိုးရေးတွေဆိုရင်လည်း သူ့ရဲ့ကဏ္ဍမှာ သူဆောင်ရွက်တဲ့ဟာတွေကို ကျွန်မတို့ အကုန်လုံး စုစည်းပြီးတော့ Plan သဘောမျိုးလေးပေါ့ အဲဒါမျိုးလေးတွေတော့ လုပ်ထားတာလေးတွေ ရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required