၂၀၁၆ခုနှစ်အတွင်း Vevo ၌ နားထောင်မှုအကြိမ်ရေအများဆုံး သီချင်းဗီဒီယိုအဖြစ် ဂျက်စတင်ဘီဘာ ရဲ့ Sorry သီချင်းရပ်တည်

၂၀၁၆ခုနှစ်အတွင်း Vevo ၌ နားထောင်မှုအကြိမ်ရေအများဆုံး သီချင်းဗီဒီယိုအဖြစ် ဂျက်စတင်ဘီဘာ ရဲ့ Sorry သီချင်းရပ်တည်

သီချင်းဗီဒီယိုများကိုကြည့်ရှုနိုင်သည့် Vevo မှ ၂၀၁၆ခုနှစ်အတွင်းလူအကြိုက်အများဆုံးနှင့် နားထောင်မှုအများ ဆုံးသီချင်းဆယ်ပုဒ်စာရင်းကိုထုတ်ပြန်ကြေညာခဲ့ပြီး ထိုစာရင်းအတွင်းမှာ ပါ၀င်သော သီချင်းများမှာ ကမ္ဘာတစ်ဝန်း မှသီချင်းချစ်သူများ ထပ်ခါထပ်ခါ ကြည့်ရှုခဲ့သောသီချင်းများ ဖြစ်ကြပါသည်။

နာမည်ကျော်အဆိုတော် ဂျက်စတင်ဘီဘာရဲ့သီချင်း Sorry ဟာ လူကြည့်ရှုမှု အကြိမ်ရေ သန်း၁၈၀၀ကျော်နဲ့ ပထမနေရာမှာ ရပ်တည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ Youtube ဆိုက်ရဲ့ အဆိုအရတော့   နိုင်ငံတကာကကြိုက် နှစ်သက်သောအဆိုပါပေါ့ပ်ဂီတအကသီချင်းကို သူတို့ဆိုက်မှာ ကြည့်ရှုသူများဟာ သန်း၂၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။ Sorryသီချင်းဟာ၂၀၁၅ခုနှစ် အနှောင်းပိုင်းကတည်းက ထုတ်လွှင့်ခဲ့ပေမယ့်၂၀၁၆ ခုနှစ်တစ် လျှောက်လုံးမှာလည်းကြည့်ရှုသူအများဆုံးဖြစ်ခဲ့သောကြောင့် Vevo ရဲ့စာရင်းမှာ ထိပ်ဆုံးနေရာမှ ရပ်တည်နေပါတယ်။

ဂျက်စတင်ဘီဘာရဲ့ Sorry သီချင်း နောက်မှာတော့ အဆိုတော်အဒဲလ်ရဲ့သီချင်း Hello က အကြိမ်ရေသန်း ၁၈၀၀ကျော်နဲ့ ဒုတိယနေရာမှ ရပ်တည်နေပါတယ်။ တတိယနေရာမှာတော့ Fifth Harmony အဖွဲ့ရဲ့ Work From Home သီချင်းက ကြည့်ရှုမှုအကြိမ်ရေ သန်း၁၂၀၀နီပါးဖြင့်ရပ်တည်နေပြီး Clavin Harris နဲ့ ရီဟာနား တို့ ရဲ့သီချင်း This is What You Came For ကတော့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် နောက်ထပ် ဂျက်စတင်ဘီဘာရဲ့သီချင်း What Do You Mean က နံပါတ်ငါးနေရာမှာရပ်တည်နေပါတယ်။ အဆိုပါကြည့်ရှု မှုအများဆုံးစာရင်းထဲမှ သီချင်းဆယ်ပုဒ်ရဲ့အကြိမ်ရေကို ပေါင်းလိုက်မည်ဆိုပါက အကြိမ်ရေ ၁၀.၅ ဘီလီလျံ ထက်ကို ကျော်လွန်သွားမည်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required