ဘိုင်ယန်သို့ မပြောင်းမီ မန်ယူသို့ပြောင်းရန် အလွန်နီးစပ်ခဲ့ဟု ဟွမ်မဲလ်ဖွင့်ဟ

ဘိုင်ယန်သို့ မပြောင်းမီ မန်ယူသို့ပြောင်းရန် အလွန်နီးစပ်ခဲ့ဟု ဟွမ်မဲလ်ဖွင့်ဟ

ဒီဇင်ဘာ ၆၊ မြူးနစ်။                ။ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရန် လွန်စွာနီးစပ်ခဲ့ဖူးသည်ဟု ဘိုင်ယန်မြူးနစ်နောက်ခံလူ မတ်စ်ဟွမ်မဲလ်က ပြောသည်။

မန်ယူနည်းပြဟောင်း ဗန်ဟားလ်သည် ခံစစ်ကို အင်အားဖြည့်ချင်နေချိန်တွင် ဒေါ့မွန်အသင်း၌ ကစားနေသည့် ဟွမ်မဲလ်ကို မန်ယူအသင်းက ချိတ်ဆက်မှုကြီးစွာ ပြုလုပ်ခဲ့သည်။

ဂျာမန်လက်ရွေးစင်ကစားသမားမှာ နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခြင်းအားဖြင့် အနာဂါတ်နှင့် ပတ်သက်သည့် သတင်းများကို အဆုံးသတ်စေခဲ့ပြီး ယခုနှစ်တွင် ဘိုင်ယန်အသင်းအတွက် ပွဲစဉ်တစ်ပွဲမှလွဲပြီး ပွဲတိုင်းကစားထားသည်။

ယခုအခါတွင် ဟွမ်မဲလ်က ၎င်း၏အနာဂါတ်နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပြီး မန်ယူအသင်းမှာ ၎င်းကို လိုချင်သည့် အသင်းများထဲ တစ်သင်းအပါအဝင်ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

“နီးစပ်ခဲ့တယ်။ တော်တော်လေးကို နီးစပ်ခဲ့တာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကြိမ်အများကြီး ဆွေးနွေးခဲ့တယ်။ သူတို့ ဘက်က ကမ်းလှမ်းတာတွေ လုပ်ခဲ့တယ်။

အင်္ဂလန်နဲ့ စပိန်ထိပ်သီးသုံးသင်းထဲက တစ်သင်းရဲ့ ကမ်းလှမ်းမှုတာကို ခံခဲ့ရတယ်။ ဒါပေမဲ့ အင်္ဂလန်ကလပ်လောက်တော့ နီးနီး စပ်စပ်မရှိခဲ့ဘူး။ ကျွန်တော့်ကို ခေါ်ချင်တာ ဗန်ဟားလ်တစ်ယောက်တည်း မဟုတ်ခဲ့ဘူး။

အခု အင်္ဂလန်မှာကစားဖို့ ကျွန်တော့်အတွက် ခက်ခဲလာပါပြီ။ နောက်လဆို ကျွန်တော့်အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဒီမှာ ငါးနှစ် စာချုပ်ထားပါတယ်”ဟု ဟွမ်မဲလ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required