ဘောလုံးပရိသတ် အစည်းအရုံးမှ ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ကော်တင်ဟိုရရှိ

ဘောလုံးပရိသတ် အစည်းအရုံးမှ ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ကော်တင်ဟိုရရှိ
 

ဒီဇင်ဘာ ၆၊ အင်္ဂလန် ။               ။ ဘောလုံးပရိသတ် အစည်းအရုံးမှ ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို လီဗာပူးလ်တိုက်စစ်ကစားသမား ကော်တင်ဟိုက ဆွတ်ခူးရရှိသွားခဲ့သည်။

ဘောလုံးပရိသတ်ပေါင်း နှစ်သိန်းက မဲပေးရွေးချယ်ခဲ့သည့် ယင်းဆုကို ကော်တင်ဟိုက အယ်လီ၊ မာရက်ဇ်၊ အိုဇေးလ်၊ ပေယက်နှင့် အဂူရိုတို့ကို ဖြတ်ကျော်ကာ ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကော်တင်ဟိုမှာ ဒဏ်ရာကြောင့် အနားယူနေရသည့်အတွက် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ကော်တင်ဟိုအစား ဆုလက်ခံရယူပေးခဲ့သည်။

‘ကျွန်တော်ဘောလုံးသမားဘဝတုန်းက ဒီလိုဆုမျိုးရဖို့ဆိုတာ အဝေးကြီးပါ။ အနားတောင်မသီနိုင်ပါဘူး။ ဒါက တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ဆုပါ။ ကော်တင်ဟိုအတွက် ကျွန်တော်ပျော်ပါတယ်။ သူ့လို ကစားသမားမျိုးကို နည်းပြခွင့်ရတဲ့ အတွက်လည်း ကျေနပ်မိပါတယ်။ ကော်တင်ဟိုက ဘောလုံးကျွမ်းကျင်မှုမြင့်မားပြီး တကယ်ကောင်းတဲ့ ကစားသမားပါ’ ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကိုမူ အာဆင်နယ်ဂိုးသမား ဆာရီဗန် ဗီနန်ဒေါက ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required