မြန်မာပရိသတ် အားပေးမှုကို ထိုင်းကစားသမားများ ခံနိုင်ရည်ရှိဟု ကိုင်တီဆက်ဆို

မြန်မာပရိသတ် အားပေးမှုကို ထိုင်းကစားသမားများ ခံနိုင်ရည်ရှိဟု ကိုင်တီဆက်ဆို

ဒီဇင်ဘာ ၃၊ ရန်ကုန်။               ။ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကစားရမည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်း ပရိသတ်များ၏ အားပေးပုံကို ထိုင်းကစားသမားများ ခံနိုင်ရည်ရှိသည်ဟု ထိုင်းနည်းပြ ကိုင်ဆီဆက်က ပြောသည်။

ထိုင်းအသင်းမှာ မြန်မာအသင်းနှင့်ကစားရမည့် ဆူဇူကီးဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် ဒီဇင်ဘာ ၁ ရက်ကတည်းက မြန်မာနို်င်ငံသို့ ရောက်ရှိကာ ပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်နေသည်။
မြန်မာပရိသတ် ကွင်းလုံးပြည့်အားပေးမှုအတွက် စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော့်ကစားသမားတွေမှာ ပရိသတ်အများကြီးနဲ့ ကစားဖူးတဲ့ အတွေ့အကြံု ရှိပြီးသားပါ။ မြန်မာအသင်းနဲ့ပွဲမှာ ရလဒ်ကောင်းဖို့   မျှော်လင့်ထားပါတယ်။ ဟု ကိုင်တီဆက်က ပြောသည်။

ထိုင်းအသင်းမှာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ချန်ပီယံလေးကြိမ်ဖြစ်ဖူးပြီး စင်ကာပူအသင်းနှင့်အတူ အအောင်မြင်ဆုံး အသင်းအဖြစ် ပူးတွဲရပ်တည်နေကာ ယခုနှစ်တွင် ချန်ပီယံဖြစ်ခဲ့ပါက ငါးကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်မည်ဖြစ်သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဆူဇူကီးပြိုင်ပွဲနောက်ဆုံး နှစ်ကြိမ်ဆက်တွေ့ဆုံခဲ့ရာတွင် နှစ်ကြိမ်စလုံး ထိုင်းအသင်းက အနိုင်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required