၂၀၁၉ အာရှဖလား ခြေစစ်ပွဲ တတိယအဆင့် မဲခွဲပွဲကို ယူအေအီးနိုင်ငံတွင် ပြုလုပ်မည်

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ တတိယအဆင့် မဲခွဲပွဲကို ယူအေအီးနိုင်ငံတွင် ပြုလုပ်မည်

၂၀၁၉ အာရှဖလား ဝင်ခွင့်အတွက် တတိယအဆင့် ခြေစစ်ပွဲများအတွက် မဲခွဲပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ယူအေအီးနိုင်ငံတွင် ကျင်းပပြုလုပ်မယ်လို့ သိရှိရပါတယ်။ အဆိုပါ တတိယအဆင့် ခြေစစ်ပွဲများ ကစားရမယ့် အသင်း (၂၄) သင်းစာရင်းကို AFC က  အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအုပ်စုတွင် အဆင့် (၄) နေရာ ရရှိခဲ့တဲ့အတွက် အဆိုပါ (၂၄) သင်းစာရင်းတွင် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

တတိယအဆင့် ကစားမယ့် (၂၄) သင်းအနက် (၁၂) သင်းမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်ကစားခွင့်ရမှာဖြစ်ပြီး လက်ရှိ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရရှိထားပြီးတဲ့ အသင်း (၁၂) သင်းနှင့်ပေါင်းပြီး နောက်ဆုံးအဆင့် ၂၀၁၉ အာရှဖလားပြိုင်ပွဲကြီး ကို စုစုပေါင်း အသင်း (၂၄) သင်းဖြင့် ယူအေအီးနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

တတိယအဆင့် ခြေစစ်ပွဲ ကစားရမည့် ၂၄ သင်းစာရင်း
၁။ မြောက်ကိုရီးယား
၂။ ဂျော်ဒန်
၃။ အိုမန်
၄။ လက်ဘနွန်
၅။ ပါလက်စတိုင်း
၆။ ကာဂျစ္စတန်
၇။ ဟောင်ကောင်
၈။ တက်ခ်မင်နစ္စတန်
၉။ စင်ကာပူ
၁၀။ ဗီယက်နမ်
၁၁။ ကူဝိတ်
၁၂။ ဖိလစ်ပိုင်
၁၃။ ဂူအမ်
၁၄။ မြန်မာ
၁၅။ ဘာရိန်း
၁၆။ အာဖဂန်နစ္စတန်
၁၇။ ယီမင်
၁၈။ တာဂျစ်ကစ္စတန်
၁၉။ မလေးရှား
၂၀။ အိန္ဒိယ
၂၁။ ကမ္ဘောဒီးယား
၂၂။ မော်လ်ဒိုက်စ်
၂၃။ ဘူတန်
၂၄။ တရုတ် (တိုင်ပေ)
နောက်ဆုံး အဆင့်တွင် ကစားခွင့်ရရှိထားသည့် ၁၂ သင်းစာရင်း
၁။ ယူအေအီး (အိမ်ရှင်)
၂။ ကာတာ
၃။ တောင်ကိုရီးယား
၄။ ဂျပန်
၅။ ထိုင်း
၆။ ဆော်ဒီအာရေဗျ
၇။ သြစတြေးလျ
၈။ ဥဇဘတ်ကစ္စတန်
၉။ ဆီးရီးယား
၁၀။ အီရတ်
၁၁။ အီရန်
၁၂။ တရုတ်

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required